သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကသိုလ် ကောလိပ်ပေါင်းစုံ မယ်ပြိုင်ပွဲ


တက္ကသိုလ် ကောလိပ်ပေါင်းစုံ မယ်ပြိုင်ပွဲ
please wait

No media source currently available

0:00 0:05:01 0:00

မြန်မာ မိန်းကလေးတွေ အနေနဲ့ ကျန်းမာ ကြံ့ခိုင်မှုနဲ့ ကိုယ်ကာယ အလှအပကို အသုံးချပြီး နိုင်ငံ့ ဂုဏ်ဆောင်ဖြစ်အောင် လေ့ကျင့်နိုင်ရေး အတွက် တက္ကသိုလ်နဲ့ ကောလိပ် ကျောင်းတွေမှာ မြေတောင် မြှောက်ပေးနေပါပြီလို့ မြန်မာနိုင်ငံ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ကိုယ်ကာယ လှပတင့်တယ်တဲ့ မြန်မာအမျိုးသမီးလေးတွေ နိုင်ငံတကာ အဆင့်မှာ ရင်ဘောင်တန်းနိုင်ဖို့ နိုင်ငံတကာ ပွဲတွေရဲ့ စံသတ်မှတ်ချက်တွေနဲ့ အညီ ဝတ်စား ဆင်ယင်ဖို့ လိုအပ်တယ်လို့ ပြိုင်ပွဲ ဒိုင်လူကြီးတွေကလည်း မှတ်ချက် ချပါတယ်။ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပတဲ့ တက္ကသိုလ် အဆင့်မြင့် ပညာဦးစီးဌာန၊ အောက်မြန်မာပြည် ကာယဗလနဲ့ ကာယအလှမယ် ပြိုင်ပွဲကို ဒေါ်ခင်စိုးဝင်းနဲ့အတူ သွားပြီးအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

XS
SM
MD
LG