သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန် ရထားလမ်းချော်မှု ၇၇ ယောက်သေဆုံး


စပိန်ရထားလမ်းချော်တိမ်းမှောက်စဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
စပိန်ရထားလမ်းချော်တိမ်းမှောက်စဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
စပိန်နိုင်ငံမြောက်ပိုင်းမှာ လူပေါင်း ၇၈ ယောက်သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရထားလမ်းချော် တိမ်းမှောက်ခဲ့ရမှုနဲ့ ပတ်သက်ပြီး ဖြစ်ပွားရတဲ့အကြောင်းအရင်း ကောက်ချက်ချနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးသူတွေက ကြိုးပမ်းနေကြပါတယ်။

ဗုဒ္ဓဟူးနေ့က ရှေးဟောင်းမြို့ဖြစ်တဲ့ ဆန်တီယာဂိုး ကွန်ပိုစတဲလား (Santiago Compostela) မြို့ရဲ့အပြင် ဘူတာရုံတခုအနီးမှာ ဖြစ်ပွားခဲ့တဲ့ ရထားလမ်းချော် တိမ်းမှောက်ခဲ့မှုဟာ နှစ်ပေါင်း ၄၀ အတွင်း စပန်နိုင်ငံမှာ အဆိုးရွားဆုံး ရထား တိမ်းမှောက်မှု ဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ ရထားဟာ ရထားဟာ လမ်းချော်ပြီး ဘေးမှာ ကာရံထားတဲ့ ကွန်ကရစ် အုပ်တံတိုင်းကို တိုက်မိခဲ့တာကို တွေ့ရပါတယ်။ ရထားတိမ်းမှောက်ချိန်မှာ ကန့်သတ်အရှိန်နှုံး တနာရီ ကီလိုမီတာ ၈၀ ထက် ၂ ဆ လောက်ရှိတဲ့အရှိန်နဲ့ ခုတ်မောင်း နေနိုင်ဖွယ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆန်တီယာဂိုး ကွန်ပိုစတဲလား (Santiago Compostela) မြို့ဇာတိဖြစ်တဲ့ ဝန်ကြီးချုပ် မာရီယာနို ရာဟွိုင်း Mariano Rajoy ဟာ ရထားတိမ်းမှောက်တဲ့နေရာနဲ့ ဆန်တီယာဂိုး ကွန်ပိုစတဲလား (Santiago Compostela) မြို့က ဆေးရုံကို ကြာသာပတေးနေ့မှာ သွားရောက် ကြည့်ရှု ခဲ့ပါတယ်။

ထိခိုက်သေဆုံး ဒဏ်ရာ ရရှိသူတွေအတွက် ဝမ်းနည်းပူဆွေးမှုအဖြစ် ၃ ရက်ကာလ သပ်မှတ်ထားပါတယ်။

ခရီးသည်တင်ရထားဟာ မဲဒရစ်မြို့ကနေ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ ဖါရိုမြို့ကို ခုတ်မောင်းနေတာဖြစ်ပြီး ရထားတိမ်းမှောက်မှု ဖြစ်ပွားချိန်ဟာ ဗုဒ္ဓဟူးနေ့ ည ၈ နာရီ ၄၁ မိနစ် ဖြစ်တယ်လို့ နိုင်ငံပိုင် မီးရထား ကုမ္ပဏီကပြောပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ တညလုံး အသက်ရှင်သူတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ရုပ်သံကနေ ပြသနေရာမှာ ရထားတွဲတွေ တွန့်လိမ်တိမ်းမှောက်နေပြီး၊ မီးခိုးတွေ ထွက်နေတာ တွေ့ရသလို၊ အနီးပတ်ဝန်းကျင် တဝိုက်မှာ သေဆုံးနေသူတွေကို စောင်တွေနဲ့ ဖုံးအုပ်ထားတာကို တွေ့မြင်နေရပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေဟာ ကြာသာပတေးနေ့မှာ ဝန်ချီစက်ကြီးတွေအသုံးပြုပြီး လမ်းချော်တိမ်းမှောက်နေတဲ့ ရထားတွဲတွေကို ဖယ်ရှားနေကြပါတယ်။

ကြာသာပတေးနေ့ ဆန်တီယာဂိုး ကွန်ပိုစတဲလား (Santiago Compostela) မြို့မှာ ကျင်းပဖို့ရှိတဲ့ နှစ်ပတ်လည် ခရစ်ယန် ဘာသာရေးပျော်ပွဲရွှင်ပွဲ အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြောင်း မြို့တော် တာဝန်ရှိသူ တွေကပြောပါတယ်။
XS
SM
MD
LG