သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တုပ်ကွေးဖြစ်ပြီး တိုက်ဖွိုက်ရောဂါ ဖြစ်ပွားမှု


Herbs used for treating malaria and typhoid
Herbs used for treating malaria and typhoid
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ မိုးရာသီတုပ်ကွေးဖြစ်အပြီး လူနာတချို့ဟာ အသက်အန္တရာယ်ရှိတဲ့ တိုက်ဖွိုက် (ခေါ်) အူယောင်ငန်းဖျားရောဂါ ဆက်ဖြစ်လာတာကို တွေ့နေရတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

အခုလို တိုက်ဖွိုက်ဖြစ်လာတာကို ခွဲခြားသိနိုင်တဲ့ လက္ခဏာတွေက အဖျားဟာ (၅) ရက်ကျော်လာတာအပြင် လျှာဖြူလာတာ၊ အဖျားတက်လာသော်လည်း သွေးခုန်နှုန်း လိုက်မတက်တာ၊ ရင်ဘတ်မှာ အနီစက်တွေထွက်လာတာ၊ ဝမ်းချုပ်တာ၊ ငှက်ဖျားလို ချမ်းတုန်အဖျားတက်ပေမဲ့ ပုံမှန်အပူချိန်ပြန်မရောက်ဘဲ တက်လိုက်ကျလိုက်ဖြစ်နေတာ လက်နဲ့စမ်းလိုက်ရင် အသည်းနဲ့ ဗေလုံးကြီးလာတာ၊ သွေးဖောက်ကြည့်ရင် သွေးဖြူဥနဲသွားတာတွေ ဖြစ်ပါတယ်။

ထိရောက်တဲ့ ကုသမှုရနိုင်ဖို့ ဒီလက္ခဏာတွေ ဖြစ်လာချိန်မှာ ဆရာဝန်အမြန်ပြဖို့ အရေးကြီးပါတယ်။ အရင်ပုံမှန်ကုနေကျ ပဋိဇီဝဆေးတွေက မတိုးတော့တာမို့ အားကောင်းတဲ့ အဆင့်မြင့် ပဋိဇီဝဆေးတွေ သောက်တာအပြင်၊ လိုအပ်လျှင် ထိုးဆေးပေးဖို့လဲ လိုပါတယ်။ အချိန်ယူကုသရတဲ့ ရောဂါဖြစ်တာအပြင် အဖတ်မစားရတာ၊ အဖျားကာလတစ်ခုအကြာ ကျသွားပြီးမှ အစာပျော့ပျော့စစားတာတွေ လုပ်ဖို့လိုပါတယ်။ အခုလို စောစော၊ ထိထိရောက်ရောက် မကုနိုင်ရင်တော့ လူနာတစ်ချို့ သေဆုံးသွားနိုင်ပါတယ်။

ဒီရောဂါက မသန့်တဲ့ ရေနဲ့ အစားအသောက်ကနေတစ်ဆင့် လူ့မစင်ဟာ ပါးစပ်ကနေ ဝင်လာတာမို့ ရေသန့်သောက်ဖို့နဲ့ အစားအသောက်တွေကို ယင်မနားအောင်၊ သန့်စင်အောင် ဆေးကြောတာအပြင်၊ ကျက်အောင် ချက်ပြုတ်စားသောက်ဖို့ အထူးအရေးကြီးပါတယ်။ ဒါ့အပြင် ရောဂါဖြစ်ထားပြီးသူတွေအနေနဲ့ တစ်ခြားလူတွေကို မကူးစေဖို့ အိမ်သာတက်ပြီးတိုင်း လက်ကို စင်ကြယ်အောင်ဆေးတာ၊ သီးသန့် လက်သုတ်ပုဝါနဲ့ အဝတ်အစား၊ အသုံးအဆောင်တွေ သုံးတာတွေ လုပ်ပေးသင့်ပါတယ်။ အခြားသူတွေအနေနဲ့လည်း တစ်ဆင့်ကူးနိုင်တဲ့ အိမ်တွင်းအသုံးအဆောင်တွေကိုင်ပြီးရင် လက်ကို စင်ကြယ်အောင် ပြန်ဆေးသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ ဒေါက်တာမြင့်ဦးကို ဆက်သွယ်မးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG