သုံးရလွယ်ကူစေသည့် Link များ

ကန်လုံခြုံရေးအကြံပေး နှုတ်ထွက်မှုရဲ့ နိုင်ငံရေးဂယက်


အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Michael Flynn အပေါ် ယုံကြည်မှု မရှိတော့တာကြောင့် ရာထူးက နှုတ်ထွက်ဖို့ သမ္မတ Donald Trump က ပြောဆိုခဲ့တာသာဖြစ်ပြီး၊ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကြောင့် မဟုတ်တဲ့အကြောင်း သမ္မတအိမ်ဖြူတော်က ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနဲ့ ဆွေးနွေးခဲ့တာတွေကို ဒုသမ္မတထံ ပြည့်ပြည့်စုံစုံ တင်ပြခဲ့ခြင်း မရှိဘူးလို့လည်း သမ္မတအိမ်ဖြူတော်က အခုအခါ ၀န်ခံပြောဆိုထားတာပါ။ လွှတ်တော်အမတ် တချို့ကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့လည်း ပြောဆိုနေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Mary Alice Salinas ရဲ့ သတင်းဆောင်းပါးကိုတော့ ကိုအောင်အောင် က တင်ပြထားပါတယ်။

XS
SM
MD
LG