သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဘုရှ် - နျူကလီးယား အစီအစဉ်အကြောင်း အီရန်ဘက်က ပိုရှင်းပြဖို့လို


အီရန်နိုင်ငံ နျူကလီးယားအစီအစဉ်အကြောင်း ဖော်ပြထားသည့် အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာသစ်အရ အီရန်နိုင်ငံ အနေဖြင့် ၎င်း၏ မူလ နျူကလီးယား လက်နက်ထုတ်လုပ်ရေး အစီအစဉ်များအကြောင်း ပိုမိုရှင်းပြရန် လိုအပ်နေသည်မှာ ထင်ရှား သည်ဟု သမ္မတ ဘုရှ်က ပြောကြားလိုက်ပါသည်။

အီရန်နိုင်ငံအနေဖြင့် ၎င်း၏ ယူရေနီယမ်သန့်စင်ရေး အစီအစဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ သံသယရှင်းသွားစေရန် လိုအပ်ကြောင်း သို့မဟုတ်ပါက အထီးကျန် ဒဏ်ခတ်မှု ဆက်ခံနေရမည် ဖြစ်ကြောင်း သမ္မတဘုရှ်က နီဘရာစကားပြည်နယ်သို့ အလည်အပတ် ရောက်နေစဉ် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားနိုင်ငံတို့မှ အရာရှိများနှင့် ညှိနှိုင်းတိုင်ပင်ခဲ့ရာတွင် အီရန်နျူကလီးယားအရေးမှာ ပြဿနာ တရပ်အဖြစ်ရှိနေဆဲဖြစ်ကြောင်း နားလည်ထားကြသည်ဟု သမ္မတ ဘုရှ်ကဆိုပါသည်။

ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် အမေရိကန် အမျိုးသား ထောက်လှမ်းရေး အစီရင်ခံစာ တရပ်၌ အီရန်အစိုးရသည် ညူကလီးယား လက်နက်ထုတ်လုပ်ရေး

လျှို့ဝှက် အစီအစဉ်များအား လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းထားပါသည်။

အမေရိကန် ထောက်လှမ်းရေး၏ ဤအစီရင်ခံစာမှာ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမည့် ရည်ရွယ်ချက်အား သက်သေပြရန် အီရန်နိုင်ငံအတွက် အခွင့်အလမ်းကောင်း တရပ်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ နျူကလီးယား အေဂျင်စီ အကြီးအကဲက ယနေ့မနက်ပိုင်းက ပြောကြားခဲ့ပါသည်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG