သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များ အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲ


အီရတ်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီယပ်စ် (David Petraeus) က မကြာသေးခင် ကာလအတွင်း အီရတ်နိုင်ငံတဝှမ်းမှာ အကြမ်းဖက်မှုတွေ လျော့နည်းသွားပေမယ့် အမေရိကန် တပ်ဖွဲ့တွေအနေနဲ့ အန္တရာယ်ကြီးတဲ့ရန်သူကို ရင်ဆိုင်နေရ ဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဘဂ္ဂဒက်မြို့မှာ သတင်းထောက်တွေကို တွေ့ဆုံတဲ့အချိန် ဗိုလ်ချုပ်ကြီး ပက်ထရီယပ်စ်က လုံခြုံရေးဆိုင်ရာ တိုးတက်မှု တွေအတွက် သူ့အနေနဲ့ ကျေနပ်အားရဖြစ်မိတဲ့အကြောင်း ပြောဆိုပါတယ်။ ဒါပေမယ့်လည်း သူ့အဆိုအရ သိပ်ကို အောင်မြင်လွန်းနေတာမို့ သတိကြီးစွာ ထားဖို့လိုတယ်လို့ သတိပေးပြောဆိုပါတယ်။

အင်မတန်အန္တရာယ်ကြီးတဲ့ ရန်သူကိုရင်ဆိုင်ဖို့ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရ လိမ့်မယ်လို့လည်း သူက ဖြည့်စွက် ပြောဆို သွားပါတယ်။

ဗိုလ်ချုပ်ကြီးပက်ထရီယပ်စ်ဟာ အီရတ်ကိုရောက်လာတဲ့ အမေရိကန် ကာကွယ်ရေး
ဝန်ကြီး ရောဘတ်ဂိတ်စ် (Robert Gates) နဲ့ ဘဂ္ဂဒက်မှာ တွေ့ဆုံပါတယ်။

ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်ဟာ မနေ့က အီရတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ အီရတ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို လက်လှမ်းမီမီ ဆောင်ရွက်နိုင်နေပြီလို့ ယုံကြည်တဲ့အကြောင်းလည်း အမေရိကန် ကာကွယ်ရေး
ဝန်ကြီးက ပြောပါတယ်။

ဒီအတောအတွင်း သီးခြားဖြစ်ရပ်တခုကတော့ တိဂရစ်မြစ်တောင်ကြား အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုကို ကြားဖြတ်တိုက်ခိုက်တဲ့ စစ်ဆင်ရေးအတွင်း အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက သူပုန်သုံးယောက်ကို သတ်ပစ်ခဲ့ပြီး ၁၉ ယောက်ကို ဖမ်ဆီးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG