သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီးများ အီရန် နျူကလီးယားအရေး ဆွေးနွေးမည်


အီရန်နိုင်ငံရဲ့ နျူကလီးယားပြဿနာနဲ့
ပတ်သက်ပြီး ဆွေးနွေးပြောဆိုဖို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်
(Condoleezza Rice) ဟာ ရုရှားနိုင်ငံခြားရေး
ဝန်ကြီးနဲ့ ဘရပ်ဆဲလ်မြို့မှာ ဒီကနေ့
တွေ့ဆုံနေပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယား လက်နက်
ထုတ်လုပ်ဖို့ အစီအစဉ်တွေ လွန်ခဲ့တဲ့ ၂၀၀၃
ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့ပြီးဖြစ်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုရဲ့
ထောက်လှမ်းရေး အစီရင်ခံစာ ထွက်ပေါ်ခဲ့ချိန်မှာပဲ အခုလိုတွေ့ဆုံကြတာပါ။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗ်ရော့ဗ် (Sergei Lavrov) က အီရန်နိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်မယ့် အထောက်အထား ဘယ်တုန်းကမှ
မတွေ့ခဲ့ဖူူးးဘူးလို့ ပြောဆိုထားတာပါ။

နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ လောင်စာအတွက် အဓိက
သော့ချက်ကျတဲ့ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်တဲ့လုပ်ငန်းကို ရပ်ဆိုင်းဖို့
ငြင်းဆန်နေတဲ့ အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂက ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ
အပြင်နောက်ထပ် တိုးမြှင့် ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတာ
ကိုလည်း ရုရှားနိုင်ငံက ဆန့်ကျင်နေတာပါ။

နေတိုးနဲ့ ဥရောပသမဂ္ဂဝန်ကြီးတွေက အမေရိကန် ထောက်လှမ်းရေးရဲ့ အစီရင်ခံစာ
အသစ် ထွက်ပေါ်ခဲ့ပေမယ့်လည်း အီရန်နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ ရည်မှန်းချက်
တွေကြောင့် ဖိအားပေးမှုတွေ ဆက်လက် ပြုလုပ်သွားဖို့ သဘောတူညီ ထားတယ်
လို့ ဘယ်လ်ဂျီယမ် နိုင်ငံခြားရေးဝန်ကြီး Karel De Gucht က မနေ့ကပဲ ပြောဆို
လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ အီရန်နိုင်ငံအပေါ် ဖိအားပေးမှုတွေက အကျိုး
သက်ရောက်မှု ရှိတာကြောင့် ဆက်ပြီး လုပ်ဆောင်သွားဖို့ လိုတယ်လို့ ဒီအစီရင်ခံစာ
အသစ်က ပြသနေကြောင်း ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG