သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမြေကြီးကိုစစ်ဆင်နေမှုရပ်စဲရန် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အယ်လ်ဂိုးတိုက်တွန်း


ကမ္ဘာကြီးပူနွေးမှုတားမြစ်ရေး လှုံ့ဆော်သူ အမေရိကန်ဒုသမ္မတဟောင်း အယ်လ်ဂိုး
(Al-Gore) က လူသားများအနေနဲ့ ကမ္ဘာမြေကြီးကို စစ်ဆင်နေမှုရပ်စဲဖို့ အချိန်တန်ပြီ
လို့ ပြောကြားပါတယ်။

မစ္စတာဂိုးက နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံပြီးတဲ့နောက် နော်ဝေနိုင်ငံ အော်စလို
မြို့မှာ ပြောကြားတာဖြစ်ပါတယ်။ ကာဗွန်ဓာတ်ငွေ့အများဆုံး ထုတ်လွှတ်တဲ့နှစ်နိုင်ငံ
ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာ ကမ္ဘာ့ပူနွေးမှုတိုက်ဖျက်ရန် အရဲရင့်ဆုံး
ခြေလှမ်းများယူဖို့ သူက ဆော်သြခဲ့ပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုများလျှော့ချရန် လိုအပ်တဲ့ ၁၉၉၇ ခုနှစ် နိုင်ငံတကာ
ကျိုတိုစာချုပ်ကို အမေရိကန်က အတည်မပြုခဲ့ဘဲ အဲဒီသဘောတူညီမှုအောက်
တရုတ်ပြည်က ဓာတ်ငွေ့ထုတ်လွှတ်မှုများလျှော့ချရန် မလိုအပ်ပါဘူး။

XS
SM
MD
LG