သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဆိုင်ရာညီလာခံမှာ ကာဗွန်ဓာတ်ငွေ့လျှော့ချရေး ဆွေးနွေးရန်ရည်ရွယ်


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကုလသမဂ္ဂက ကမကထလုပ်ကျင်းပနေတဲ့ ရာသီ
ဥတုဆိုင်ရာ ညီလာခံက အသစ်ရေးဆွဲမယ့် ရာသီဥတုဆိုင်ရာ သဘောတူညီချက်မှာ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့တွေကို ပစ်မှတ်ထားဖို့ကိစ္စ ထည့်သွင်းသင့်မသင့် အာရုံစိုက်ဆွေးနွေးကြဖို့ ရှိပါတယ်။

လောလောဆယ် အကြမ်းရေးဆွဲထားတဲ့ သဘောတူညီချက်ထဲမှာ ဓာတ်ငွေ့တွေကို
၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချသွားဖို့ ရည်ရွယ်ထားတာ
လို့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ အကြီးအကဲ အီဗို ဒါ ဘိုအား (Yvo de Boer) က သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။ ဒါပေမယ့်လည်း ဒါဟာ မလိုက်နာမဖြစ်
လိုက်နာရမယ့် သတ်မှတ်ချက်မဟုတ်ဘဲ လမ်းညွှန်ချက်သဘောသာဖြစ်တယ်လို့
ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဂျပန်၊ ကနေဒါ နိုင်ငံတွေနဲ့အတူ
အခုမူကြမ်းထဲက ကာဗွန်ဓာတ်ငွေ့လျှော့ချရေး ရည်မှန်းချက်တွေကို လက်မခံ
ကန့်ကွက်ခဲ့ကြပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချဖို့ ရည်ရွယ်ရေးဆွဲထားတဲ့ ကျိုတိုသဘောတူညီ
ချက်ကို အစားထိုးဖို့ ဆွေးနွေးညှိနှိုင်းမှု ရလဒ်တွေကို ဒီကိစ္စက ထိခိုက်စေလိမ့်
မယ်လို့ သူတို့က စောဒကတက်နေကြတာပါ။ ဥရောပသမဂ္ဂရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ ကာဗွန်ဓာတ်ငွေ့လျှော့ချရေးကိစ္စဟာ မလုပ်
မဖြစ်ကိစ္စလို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG