သုံးရလွယ်ကူစေသည့် Link များ

စစ်အစိုးရအပေါ် ပိုမို တင်းကျပ်တဲ့ပိတ်ဆို့မှုတွေ လုပ်ဆောင်မယ်လို့ သမ္မတဘုရှ် သတိပေး


စစ်မှန်တဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့
နိုင်ငံတကာက တောင်းဆိုနေတာကို မြန်မာ
စစ်အစိုးရက ဆက်ပြီးလျစ်လျူရှုနေမယ်
ဆိုရင် မြန်မာစစ်အစိုးရအပေါ် အရေးယူဒဏ်
ခတ်မှုအသစ်တွေကို အမေရိကန်က ဦးဆောင်
ပြုလုပ်သွားဖို့ဆန္ဒရှိနေတယ်လို့ သမ္မတဘုရှ်
ကမနေ့က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ငြိမ်းချမ်းစွာဆန္ဒ
ပြပွဲတွေကို မြန်မာစစ်အစိုးရ က အင်အား
အလွန်အကျွံသုံးစွဲပြီး ဖြိုခွဲ နှိပ်ကွပ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုးရဲ့ အစီရင်ခံ
စာကို မနေ့က ဂျနီဗာမြို့မှာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂလူ့အခွင့်အရေး
ကောင်စီကိုတင်သွင်းတဲ့ မစ္စတာပင်ညဲရိုးရဲ့ အစီရင်ခံစာအရ မြန်မာစစ်အစိုးရအပေါ်
မှာအလွန်တရာမှ သူ့အနေနဲ့ စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့လည်း သမ္မတဘုရှ်
ကဆိုပါတယ်။

သူ့ရဲ့ ငါးရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်း စုံစမ်း စစ်ဆေးခဲ့မှုတွေအရ စက်တင်ဘာ
လ ဆန္ဒပြပွဲတွေကို ဖြိုခွဲ နှိပ်ကွပ်ခဲ့လို့ သေဆုံးရသူအရေအတွက်နဲ့ ဖမ်းဆီးအကျဉ်းချ
ထားသူ အရေအတွက် အစစ်အမှန်တွေကို မြန်မာစစ်အစိုးရက ဖုန်းကွယ်ထားတဲ့
သက်သေ အထောက်အထားတွေ သူရရှိခဲ့တယ်လို့ မစ္စတာ ပင်ညဲရိုးက ဆိုပါတယ်။

ယုံကြည်ရတဲ့သတင်းပေးပို့ချက်တွေအရ စက်တင်ဘာ ၂၇ ရက်နဲ့ ၃၀ ရက်အကြား
ညပိုင်းတွေ မှာ ပလပ်စတစ်နဲ့ပတ်ထားတဲ့ လူသေအလောင်းတွေ၊ ဆန်ထည့်တဲ့ဂုံနီ
အိတ်ထဲ ထည့်ထားတဲ့ လူသေအလောင်းတွေဟာ မီးရှို့ခံခဲ့ရတယ်လို့ မစ္စတာ ပင်ညဲရိုး
ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံရဲ့အမြဲတမ်းကိုယ်စားလှယ် ဦးဝဏ္ဏ
မောင်လွင်က ပယ်ချလိုက်ပြီးတော့ ဒီအစီရင်ခံစာဟာ မဟုတ်မမှန်တဲ့စွပ်စွဲချက်တွေနဲ့
အခြေခံပြီး ရေးသားထားတာဖြစ်တယ်လို့ တုန့်ပြန်လိုက်ပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး Human Rights
Watch အဖွဲကြီးကလည်း မြန်မာနိုင်ငံက သြဂုတ်လနဲ့ စက်တင်ဘာလကဆန္ဒပြပွဲတွေနဲ့
ပတ်သက်တဲ့ အစီရင်ခံစာထုတ်ပြန်ခဲ့ရာမှာ ဆန္ဒပြပွဲတွေရဲ့ မျက်မြင်သက်သေ ၁၀၀
ကျော်ကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ တွေ့ဆုံမေးမြန်းမှုတွေအရ သူတို့ ဖြိုခွင်း
နှိပ်ကွပ်လို့ သေဆုံးရသူ အရေအတွက်နဲ့ ဖမ်းဆီးအကျဉ်းချထားသူအရေအတွက်ကို မြန်မာစစ်အစိုးရဟာ လိမ်ညာနေဆဲဖြစ်တယ်လို့ သူတို့ရဲ့အစီရင်ခံစာမှာ ဖော်ပြခဲ့
ပါတယ်။

မြန်မာစစ်အစိုးရပိုင် မီဒီယာတွေမှာ ဆန္ဒပြတွေဖြိုခွင်းလို့သေဆုံးရသူဟာ ၁၀ ယောက်
ပဲရှိတယ်လို့ ကြေငြာခဲ့ပြီး ကုလသမဂ္ဂကိုတော့ ဖမ်းဆီးထိန်းသိမ်း ထားသူ ၃,၀၀၀ ခန့်ရှိ
တယ်လို့ သတင်းပေးခဲ့ပါတယ်။ ကုလသမဂ္ဂကတော့ သေဆုံးသူ ၃၁ ယောက်ခန့်ရှိပြီး
ဖမ်းဆီး အကျဉ်းချခံရသူ ၄,၀၀၀ လောက် ရှိတယ်လို့ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG