သုံးရလွယ်ကူစေသည့် Link များ

ဘာလီ ရာသီဥတုဆွေးနွေးပွဲ လမ်းညွန်ချက်ချမှတ်နိုင်ရေး ကြိုးပမ်းနေ


ကမ္ဘာတ၀ှမ်းက ပတ်ဝန်းကျင်ဆိုင်ရာ
ဝန်ကြီးများဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီ
ကျွန်းက ကုလသမဂ္ဂ ဦးဆောင်ကျင်းပတဲ့
ရာသီဥတုညီလာခံမှာ ၂၀၁၂ ခုနှစ်
နောက်ပိုင်း ကမ္ဘာ့ပူနွေးမှု လျော့ကျစေရေး
အတွက်လမ်းညွှန်ချက်တွေချမှတ်ဘို့ 
သဘောတူခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့  ဘာလီအဆင့်မြင့် ဆွေးနွေးပွဲအဖွင့်မှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်
ဘန်ကီမွန်းက ၀န်ကြီးများအနေနဲ့  ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူစာချုပ်
သစ်အတွက် ဆွေးနွေးဘို့ ၂၀၀၉ ခှုနှစ်ကို နောက်ဆုံးထားသတ်မှတ်ကြဖို့ ဆော်သြခဲ့
ပါတယ်။

သြစတေးလျဝန်ကြီးချုပ် ကယ်ဗင် ရဒ် ကလည်း ၁၉၉၇ ခုနှစ် ကျိုတို ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ သြစတေးလျနိုင်ငံရဲ့ စာတမ်းကို
အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို ပေးအပ်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း က အစိုးရတွေအနေနဲ့  ရာသီဥတု
ပြောင်းလဲမှုအတွက် လမ်းပြအဖြစ် ခေါင်းဆောင်ပြရမှာဖြစ်ပြီး တကယ်လို့  ဒီတာဝန်
မကျေခဲ့ရင် အနာဂတ် မျိုးဆက်သစ်တွေကို သစ္စာဖေါက်ရာရောက်လိမ့်မယ်လို့ 
ဗုဒ္ဓဟူးနေ့ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG