သုံးရလွယ်ကူစေသည့် Link များ

အီရတ်နိုင်ငံ ဘာစရာ ခရိုင်ရဲ့ လုံခြုံရေးလုပ်ပိုင်ခွင့် တာဝန်တွေကို ဗြိတိန်က အီရတ် တပ်ဖွဲ့တွေကို လွဲပြောင်းပေး


အီရတ်နိုင်ငံ ဘာစရာ ခရိုင်ရဲ့ လုံခြုံရေးလုပ်ပိုင်ခွင့် တာဝန်တွေကို ဗြိတိန်က အီရတ် တပ်ဖွဲ့တွေကို လွဲပြောင်းပေး လိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အီရတ်နိုင်ငံက ဗြိတိန်တပ်တွေကို ပြန်လည် ရုတ်သိမ်းဖို့အတွက် အဓိကကျတဲ့ ခြေလှမ်းတခုလည်း ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Deborah Block သတင်းပေးပို့ထားတာကို ဒေါ်ညိုညိုလွင်က တင်ဆက်ထားပါတယ်။

ဘာစရာခရိုင် လုံခြုံရေးကို အီရတ်တပ်ဖွဲ့များက ထိမ်းချုပ်သွားဖို့အတွက် တရားဝင် လွဲပြောင်းပေးတဲ့ အခန်းအနားမှာ ဘာစရာ ခရိုင် အုပ်ချုပ်ရေးမှူး မိုဟာမက် မိုစ်ဘာ အာလ် ၀ါလီနဲ့ ဘာစရာခရိုင် ရှိ ဗြိတိန် တပ်ဖွဲ့က တပ်မှူး ဗိုလ်ချုပ် ဂရေဟမ် ဘင်းစ် တို့နှစ်ဦးက မှတ်တမ်းတင် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ရေနံကြွယ်ဝတဲ့ ဘာစရာခရိုင်ဟာ ဒေသခံ ပြည်သူ့စစ်တွေ အချင်းချင်း တိုက်ခိုက်လို့ မငြိမ်မသက်ဖြစ်နေတဲ့ ဒေသဖြစ်ပါတယ်။

“လေးနှစ်ခွဲကြာတဲ့အခါ မြို့နဲ့ ခရိုင်ကို အီရတ်တပ်ဖွဲ့တွေ ထိမ်းချုပ်ဖို့အတွက် လွဲပြောင်းပေးဖို့ အခြေအနေ အခွင့်အလမ်း ရလာပါတယ်။ ကျနော်က ဘာစရာရဲ့ ရန်သူတွေကို ဖယ်ရှားပေးဖို့ လာခဲ့တာပါ။ အခုတော့ ဘာစရာကို သူ့ရဲ့ မိတ်ဆွေတွေလက်ထဲ တရားဝင် ပြောလွဲပေးလိုက်ပါပြီ။”

အီရတ်နိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မိုဝါဖါ့က် အာလ် ရပ်ဘ်ဘီ က သူတို့အစိုးရဟာ ဘာစရာ ဒေသခံတွေနဲ့အတူ လက်တွဲ လုပ်ဆောင်ဖို့အတွက် ခေါ်ဆိုဖို့အသင့် ရှိတယ်လို့ ပြောဆို လိုက်ပါတယ်။

ဘာစရာခရိုင်ဟာ ဗြိတိန်တပ်တွေက အီရပ်တပ်တွေလက်ထဲ ပြန်လည်လွဲပြောင်းပေးတဲ့အထဲက နောက်ဆုံး စတုတ္ထခရိုင် တခုဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ လေးနှစ်ခွဲကာလ စာဒန်ဟူစိန် အာဏာကျဆုံးပြီးတဲ့နောက် အီရတ်ပြည်နယ်၁၉ ခုထဲက (၉) ခုမြောက် အီရတ်က ပြန်လည်လွဲပြောင်းပေးတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။

ဗြိတိန်တပ်သားတွေအနေနဲ့ ဘာစရာလုံခြုံရေး တပ်ဖွဲတွေကို ကူညီလေ့ကျင့်မှုတွေ ဆက်လက် ပြုလုပ်ပေးသွားမှာပါတယ်။ ဒါပေမဲ့ ပြည်နယ် လုံခြုံမှုအတွက်ကတော့ အီရတ်တွေရဲ့ တာဝန်သာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဘင်းစ် က ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ရဲ့ စီမံကိန်းစကတည်းက ဘာစရာ လုံခြုံရေး တပ်ဖွဲ့တွေ ဖွဲ့စည်းပြီး ခင်ဗျားတို့က ရှေ့တဆင့်တက်ပြီး၊ ကျနော်တို့က နောက်တလှမ်းဆုတ်ဖို့ပါပဲ။ လေးနှစ်ကြာလေ့ကျင့်မှုတွေ ပြီးတဲ့အချိန်မှာ တရားဝင် အသိအမှတ်ပြုထားတဲ့ ခန့်မှန်းခြေ အီရတ်ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားတပ်ဖွဲ့ဝင် သုံးသောင်းလောက်ဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိတွေနဲ့ ဒီခရီုင်ရဲ့ လုံခြုံရေးကို ထိန်းချုပ်သွားနိုင်မှာပါ။”

ဘာစရာမှာရှိတဲ့ ဗြိတိန်တပ်ဖွဲ့တွေဟာ ခရီုင်အတွင်းမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ပြန့်နှံလာရင် အမြန်ဆုံး ကူညီမှာ ဖြစ်တယ်လို့ အီရတ်အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ နောက်လာမဲ့ လအနည်းငယ်မှာ ဗြိတိန် တပ်ဖွဲ့ဝင် ၄၅၀၀ ထဲက တ၀က် လျော့ချမှာဖြစ်ပါတယ်။

အီရတ်မှာရှိတဲ့ အမေရိကန် နိုင်ငံ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ( Ray Odierno ) ရေး အိုဒိုင်ရာနို က လွဲပြောင်းမှုဟာ အီရတ် တောင်ပိုင်း ဒေသအတွက် မှန်ကန်ကောင်းမွန်တဲ့ လုပ်ရပ်ပါ။ ဒါပေမဲ့ သူ့အနေနဲ့ အာဏာ လစ်ဟာသွားချိန်မှာ အီရန်ရဲ့ လွမ်းမိုးမှုတွေ မြင့်မားလာတာကြောင့်၊ မြောက်ပိုင်းမှာရှိတဲ့ အမေရိကန် တပ်တွေအတွက် ကူဝိတ်ကနေ လက်နက်၊ ရိက္ခာနဲ့ တခြားထောက်ပံ့မှုတွေအတွက် အသုံးပြုနေရတဲ့ လမ်းကြောင်းအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်မိတယ်လို့ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG