သုံးရလွယ်ကူစေသည့် Link များ

အီရန်နိုင်ငံကို ရုရှားက နျူကလီးယား လောင်စာပေးပို့မှု သမ္မတဘုရှ် သတိနဲ့တုန့်ပြန်


အီရန်နိုင်ငံ Bushehr မှာရှိတဲ့ နျူကလီးယား စွမ်းအင်ဌာနအတွက် ရုရှားနိုင်ငံက ပထမ
ဆုံး လောင်စာပို့ဆောင်မှုကို လက်ခံရရှိခဲ့တဲ့
အကြောင်း အီရန်နိုင်ငံက အတည်ပြုပြောဆို
လိုက်အပြီး သမ္မတဘုရှ်က အခုလို သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ပထမနှစ် လုပ်ငန်းစဉ်အတွက် Bushehr မှာရှိတဲ့
စွမ်းအင်ဌာနအတွက် လောင်စာတန်ချိန်
၈၂ တန် ရောက်ရှိလာတဲ့အကြောင်း အီရန် အနုမြူစွမ်းအင်ဌာန အကြီးအကဲဖြစ်တဲ့
Gholamreza Aghazadeh ကို ကိုးကားပြီး အီရန်သတင်းဌာနတွေဖြစ်ကြတဲ့ ISNA နဲ့
IRNA တို့က မနေ့ကပဲ ပြောဆိုလိုက်တာပါ။

အမေရိကန်သမ္မတဘုရှ်ကတော့ အရပ်ဖက်သုံးစွမ်းအင်အတွက် ရုရှားနိုင်ငံက အီရန်
နိုင်ငံကို သန့်စင်ပြီးသား ယူရေနီယန်ဓာတ်သတ္တု ပေးပို့တာကို သူ အားပေးကြောင်း ပြောဆိုလိုက်ပေမယ့် အီရန်နိုင်ငံအနေနဲ့ သူ့ဖာသာသူ ဓာတ်သတ္တုသန့်စင်မှုလုပ်
ဆောင်ဖို့ ကြိုးပမ်းစရာမလိုဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း အခုလို
ရုရှားနိုင်ငံက လောင်စာတင်ပို့ပေမယ့် ယူရေနီယန်ဓာတ်သတ္တု သန့်စင်မှုလုပ်ငန်းကို
တော့ ရပ်တန့်မှာမဟုတ်ကြောင်း ပြောဆိုရင်း ဒီတောင်းဆိုမှုအပေါ် အီရန်အရာရှိ
တွေက ပယ်ချလိုက်ပါတယ်။

စောစောပိုင်းမှာတော့ အနုမြူဓာတ်ပေါင်းဖို လောင်စာဆီဟာ နိုင်ငံတကာ အနုမြူ
အေဂျင်စီ (IAEA) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး ဒီအနုမြူဓာတ်ပေါင်းဖို လောင်စာဆီ
ဟာ အီရန်နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာပဲ ရှိနေရမယ်ဆိုတာကို IAEA က အာမခံထားတယ်
လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောဆိုလိုက်ပါတယ်။ အီရန်ရဲ့ နျူကလီး
ယား အစီအစဉ်ဟာ နျူကလီးယားလက်နက် လျှို့ဝှက်ထုတ်လုပ်ရေးအတွက်သာဖြစ်
တယ်လို့ အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေက စွပ်စွဲပြောကြားနေပေ
မယ့်လည်း Bushehr အနုမြူဓာတ်ပေါင်းဖိုဟာ အရပ်ဖက်မှာ တိတိကျကျသုံးဖို့သာ
ဖြစ်တယ်လို့ အီရန်အစိုးရက အမြဲငြင်းဆန်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG