သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု ချီးမြှင့်ရန်ရွေးချယ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ကို အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂ
ရက်လွှတ်တော်က အရပ်သားတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတဆုပေးအပ်ဖို့ အမေရိကန်
လွှတ်တော်က မနေ့က တခဲနက် မဲပေးသဘော
တူလိုက်ပါပြီ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်ဆောင်
ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို
ဆုပေးအပ်ဖို့ အမေရိကန် အောက်လွှတ်တော်
အမတ် ဂျိုးဇက်ဖ် ခရော့လီ (Joseph Crowley)
က ကမကထလုပ် ကြိုးပမ်းခဲ့တာပါ။ အကြောင်း
စုံကို မစ္စတာခရော့လီနဲ့ ဆက်သွယ်မေးမြန်း
ထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကွန်ဂရက်လွှတ်တော်ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု ချီးမြှင့်ဖို့ အမေရိကန် လွှတ်တော်ထဲမှာ ထောက်ခံမဲ ၄၀၀ ကန့်ကွက်သူမရှိနဲ့ တခဲနက်မဲပေးချီးမြှင့်ဖို့
ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီဆုဟာ အမေရိကန်ပြည်ထောင်စုမှာသာမက နိုင်ငံတကာမှာပါ ဆောင်ရွက်နေတဲ့ စံနမူနာယူထိုက်သူတွေကို ပေးအပ်တဲ့ဆုလည်း ဖြစ်ပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးအပ်ဖို့ကိုတော့ နယူးယောက်ခ်မြို့က ဒီမိုကရက် အောက်လွှတ်တော်အမတ် ဂျိုးဇက်ဖ် ခရော့လီ (Joseph Crowley) က အဓိက စည်းရုံး လ့ှုံဆော်ခဲ့တာပါ။ အခုလို ဆုပေးအပ်ဖို့ လှုံ့ဆော်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်လို့
မစ္စတာခရော့လီက ပြောပြရာမှာတော့ …

“မကြာသေးခင်က မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ကိစ္စ၊ ဒီမိုကရေစီရေး ပြောင်းလဲမှု
တွေကို တောင်းဆိုတဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ ဘာတွေဖြစ်ပျက်ခဲ့
တယ်ဆိုတာ ကျနော် အနီးကပ် တောက်လျှောက် စောင့်ကြည့်နေခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကျနော်သိထားပါတယ်။ သူ့
လုပ်ရပ်တွေကိုလည်း အသိအမှတ်ပြု စောင့်ကြည့်နေတာပါ။ နောက် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေနဲ့ ဒီမိုကရေစီရေးအတွက် သံဃာတော်တွေက ငြိမ်းချမ်းစွာ ဆန္ဒ
ပြ တောင်းဆိုတာတွေကိုလည်း အနီးကပ်စောင့်ကြည့်ခဲ့တာပါ။ အခုလို ဆုပေးအပ်ဖို့ ဆောင်ရွက်တယ်ဆိုတာကတော့ ဒီမီးတောက်မီးလျှံကို ဆက်လက်ထွန်းလင်းစေဖို့ နည်းလမ်းတလမ်းဖြစ်တယ်လို့ ကျနော် ယုံကြည်လို့ပါ”

တခြား နိုဘယ်လ်ငြိမ်းချမ်းရေးဆု၊ သမ္မတရဲ့ လွတ်လပ်ရေးဆိုင်ရာဆုတွေအပြင် အခု
ဆုဟာလည်း အလားတူဆုတခုဖြစ်တာကြောင့် ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ် တည်ချက်အတွက်သာမက ဒီဆုဟာ သံဃာတော်တွေရဲ့ လွတ်မြောက်ရေးအတွက် ရပ်တည်ချက်အတွက်လည်း ရည်ရွယ်ပါတယ်လို့ သူကဆိုပါတယ်။ အခုလို ဆုပေးအပ် လိုက်တဲ့အတွက် မြန်မာ့အရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဆက်လက်အာရုံစိုက် ခံနေရလိမ့်မယ်လို့ မျှော်လင့်တဲ့အတွက် အခုလို ဆုပေးအပ်ဖို့ လှုံ့ဆော်တိုက်တွန်းဖြစ်
တာပါလို့ မစ္စတာခရော့လီက ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ရုံသာမက မြန်မာ့အရေးအတွက် တစိုက်
မတ်မတ် ဆက်လုပ်သွားဦးမှာလို့လည်း သူကဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်နဲ့ သူမရဲ့ နိုင်ငံရေးလှုပ်ရှားဆောင်
ရွက်မှုတွေကို တန်ပြန်အရေးယူတာတွေ ခြိမ်းခြောက်တာတွေကို စိုးရိမ်ကြောက်ရွံ့စရာ
မလိုဘဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရှိဖို့ ဆက်ပြီး တောင်းဆိုသွားမှာပါ”

မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်လွှတ်တော်တွေမှာ တစိုက်မတ်မတ် ဆောင်
ရွက်မှုတွေ ရှိနေသလို အမေရိကန်သမ္မတကတော် လော်ရာဘုရှ်ကိုယ်တိုင် ပါဝင်
ဆောင်ရွက်နေတာတွေ ရှိနေပါတယ်လို့လည်း မစ္စတာခရော့လီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေ မရှိတာကြောင့် မြန်မာစစ်အစိုး
ရအပေါ် အမေရိကန်ပြည်ထောင်စုက မကြာသေးခင်ကဘဲ နောက်ထပ် ပိတ်ဆို့ဒဏ်
ခတ် အရေးယူမှုအသစ်တွေ ချမှတ်ခဲ့တာပါ။ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရဘက်က
တော့ အခုလို အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာက ဖိအားပေးမှုတွေ
ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုလေ့ရှိ
သလို ဝေဖန်သူတချို့အနေနဲ့လည်း ဖိအားပေးမှုတွေဟာ အကျိုးထက် အပြစ်သာ
ဖြစ်စေတယ်လို့ ပြောကြတာပါ။ မစ္စတာခရော့လီကတော့ …

“ဒါဟာ အမေရိကန်ပြည်ထောင်စုအတွက် အသစ်အဆန်းတော့လည်း မဟုတ်ပါဘူး။ ဒီမိုကရေစီရေးအတွက် ကမ္ဘာတဝှမ်းမှာ အမေရိကန်ပြည်ထောင်စုက ရပ်တည်နေတာ
ပါ။ အခုဟာကတော့ နှစ်ပေါင်း ၄၅ နှစ်ကျော် အုပ်ချုပ်လာတဲ့ စစ်အာဏာရှင် အုပ်ချုပ်
မှုအောက်ကကိစ္စ ဖြစ်နေပေမယ့်လည်း ဖိအားပေးဆောင်ရွက်မှုတွေကို စဉ်ဆက်
မပြတ် အလေးထားလုပ်သွားမယ်ဆိုရင် အထူးသဖြင့် တရုတ်၊ အိန္ဒိယတို့လို နိုင်ငံတွေ
ရဲ့ ပူူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဝိုင်းဝန်းလုပ်ဆောင်သွားမယ်ဆိုရင် အပြောင်းအလဲ
တွေကို တဖြည်းဖြည်း မြင်လာရမှာပါ”

တကယ်တော့ ဒီမိုကရက်ပါတီရဲ့ အောက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ မစ္စတာ
ဂျိုးဇက်ဖ် ခရော်လီရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ နယူးယောက်ခ်ဟာ လူမျိုးပေါင်းစုံနေထိုင် နေကြတာဖြစ်ပြီး မြန်မာနိုင်ငံသား အများအပြားလည်း နေထိုင်နေတာပါ။ အခုလို မြန်မာ့အရေးအတွက် လွှတ်တော်အမတ်တဦးအနေနဲ့ ကြိုးပမ်းချက်တွေအပေါ်မှာ သူ့ရဲ့ မဲဆန္ဒနယ်မြေမှာ နေထိုင်သူတဦးလည်းဖြစ် နယူးယောက်ခ်အခြေစိုက် မြန်မာ့အရေး
လှုပ်ရှားသူတယောက်လည်းဖြစ်တဲ့ မစန္ဒီကတော့ …

“အထူးသဖြင့် အခု ဗမာ့အရေးဆိုတော့ ကျမ ဗမာတယောက်အနေနဲ့ ဗမာ့အရေး
အတွက် လုပ်တယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ ပြီးတော့ သူကလည်း သူ့ရဲ့ရုံးခန်းမှာ
ရှိတဲ့လူတွေကို ဗမာပြည်အရေးအတွက် အထူးလုပ်ဆောင်ဖို့ဆိုပြီး ပေးအပ်ထားတဲ့
အတွက်လည်း တော်တော်ဝမ်းသာတယ်။ ဗမာပြည်အရေးအတွက် အခုလို အထူး
ဂရုပြုပြီး၊ အချိန်ကုန်ခံပြီး လုပ်ပေးတာ တော်တော်ဝမ်းသာပါတယ်။ သူဦးဆောင်ပြီး
တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်ရှင်နယ် ရွှေတံဆိပ်ဆုပေးအပ်ဖို့အတွက် သူစပြီးဆောင်ရွက်တဲ့ဟာ ဗမာပြည်သူတယောက်အနေနဲ့ ဝမ်းသာတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗမာပြည်သူလူထုအတွက် အနစ်နာခံပြီး လုပ်ဆောင်
ပေးနေတာကို ပိုပြီးတော့ ပုံဖော်တဲ့အနေလည်း ရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရွှေတံဆိပ်ဆုက တော်ရုံတန်ရုံလူ ရတာမဟုတ်ဘူး။ တကယ်ကို ထူးချွန်တဲ့လူ၊ အများ
အတွက် အနစ်နာခံတဲ့လူတွေကိုမှ ပေးတယ်ဆိုတော့ တော်တော်လေးကို ကိုယ့်ဗမာ တွေအတွက်လည်း ဝမ်းသာတယ်၊ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ဝမ်းသာ
တယ်”

အခု ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုဆိုတာဟာ အများအကျိုးအတွက် အမေရိ ကန်ပြည်ထောင်စုမှာသာမက နိုင်ငံတကာမှာပါ ဆောင်ရွက်နေတဲ့ စံနမူနာယူထိုက်သူ
တွေကို အထက်လွှတ်တော်ဖြစ်ဖြစ် အောက်လွှတ်တော်ဖြစ်ဖြစ် တခုခုမှာရှိတဲ့ အမတ်
အရေအတွက်ရဲ့ ၃ ပုံ ၂ ပုံက ပူးတွဲပြီး ကမကထပြု အဆိုတင်သွင်းပြီး လွှတ်တော်
၂ ရပ်ထဲမှာ မဲခွဲဆုံးဖြတ် ပေးအပ်လေ့ရှိတာပါ။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရဲ့ လွတ်လပ်ရေးဆိုင်ရာဆုနဲ့ အခု ဒေါ်အောင်ဆန်း
စုကြည်ရရှိခဲ့တဲ့ ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုတွေဟာဆိုရင် အရပ်သားတွေကို
ချီးမြှင့်တဲ့ အမြင့်ဆုံးဆုနှစ်ဆုလည်း ဖြစ်ပါတယ်။ နောက်တဆုဖြစ်တဲ့ သမ္မတရဲ့
လွတ်လပ်ရေးဆိုင်ရာ ရွှေတံဆိပ်ဆုကိုလည်း သက္ကရာဇ် ၂၀၀၀ ခုနှစ်တုန်းက သမ္မတ ဘီလ်ကလင်တန် (Bill Clinton) လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ဘူး
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG