သုံးရလွယ်ကူစေသည့် Link များ

စစ်အစိုးရအနေဖြင့် အပြောင်းအလဲ မလုပ်ဆောင်ပါက ပြင်းထန်စွာအရေးယူမည်ဟု ဗြိတိသျှဝန်ကြီးချုပ်ပြော


မနေ့က ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်
ဘရောင်း (Gordon Brown) ဟာ ဗြိတိန် အောက်လွှတ်တော်မှာ အီးယူရဲ့ အနာဂတ်
ဦးစားပေး ထားရှိရမယ့် မူဝါဒများကို တင်ပြ
ရင်းနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိရမယ့် မူဝါဒ
တွေကိုလည်း တပါတည်းပြောဆိုသွားပါ
တယ်။ မြန်မာစစ်အစိုးရအနေနဲ့ အခြေခံ
နိုင်ငံရေး ပြုပြင်လှုပ်ရှားမှုတွေ မလုပ်ဘူး
ဆိုရင် ပိုပြီးတော့ ပြင်းထန်စွာ အရေးယူဖို့ အသင့်ရှိတဲ့အကြောင်း အလေးပေးပြော
သွားခဲ့တာပါ။ အဲန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ ယူကေဌာနခွဲဥက္ကဋ္ဌ ဒေါက်တာ
ဝင်းနိုင်ကို ဆက်သွယ်မေးမြန်းပြီး ဦးကျော်ဇော်ညွန့်က တင်ပြထားပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက မြန်မာနိုင်ငံမှာ အခြေခံနိုင်ငံရေး လွတ်လပ်မှု
တွေကို အကောင်အထည်မဖော်ဘူးဆိုရင် ဒီ့ထက်ပိုမိုတင်းကျပ်တဲ့ အရေးယူဆောင်
ရွက်မှုတွေကို ပြုလုပ်ရမယ်ဆိုပြီး ပြောကြားသွားတဲ့ သူ့ရဲ့မှတ်ချက်အပေါ်မှာ ဒေါက်တာ
ဝင်းနိုင်က အခုလိုသုံးသပ်ပါတယ်။

“ဗြိတိသျှဝန်ကြီးချုပ် မစ္စတာဂေါ်ဒွန်ဘရောင်းအနေနဲ့ မြန်မာပြည်ကိစ္စကို အခုလို
ပြောခဲ့တာ သိပ်ကိုအရေးကြီးပါတယ်။ အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်နိုင်ငံရေး
ဟာလည်း အလွန်အရေးကြီးဆုံး အခြေအနေရောက်နေပြီ။ စစ်အုပ်စုကလည်း သူတို့
ရဲ့ Road Map နဲ့ ဆက်ပြီးသွားမယ်။ အခု တတိယအဆင့်ကို ရောက်နေပြီလို့ပြော
တယ်။ တဖက်မှာလည်း သူတို့က လူ့အခွင့်အရေးတွေကို အရမ်းဖောက်ဖျက်ပြီးတော့
Human Right Violation ကို အရမ်းလုပ်နေတဲ့ အခါကျတော့ တကမ္ဘာလုံးက
စောင့်ကြည့်နေတဲ့အချိန် ဖြစ်ပါတယ်။

“ဒီအချိန်မှာ ဗြိတိသျှဝန်ကြီးချုပ်အနေနဲ့ အခုလိုဝင်ပြောတာဟာ အရေးအကြီးဆုံး
အချိန်မှာ သူတို့ ထိရောက်စွာကိုင်တွယ်တော့မယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာ
ဖြစ်ပါတယ်”

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့ ကုလသမဂ္ဂ
ရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ အာဆီယံအသင်းကြီး၊ မြန်မာ့အိမ်နီးချင်းနိုင်ငံများ
ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ပါဝင်ရမယ့် အခန်းကဏ္ဍဟာ အရေးကြီးတယ်ဆိုတဲ့ အီးယူ
ဥရောပသမဂ္ဂရဲ့ ခံယူချက်ကိုလည်း ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ထပ်လောင်း
အတည်ပြုလိုက်ပါတယ်။ အဲဒီအပေါ်မှာတော့ ဒေါက်တာဝင်းနိုင်က …
“အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေကလည်း ၀ိုင်းကူ
ပေးဖို့လိုတယ်ဆိုတာကို သူကနေပြီး မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ အထူး
သဖြင့် အခုလိုမျိုး နိုင်ငံသူနိုင်ငံသားတွေ ဖိနှိပ်ခံရပြီး အင်မတန် စိတ်ဆင်းရဲနေရတဲ့
အချိန်မျိုးမှာ အခုလို နိုင်ငံကြီးခေါင်းဆောင်တွေက ၀ိုင်းဝန်းပြီး လုပ်ဆောင်ပေးကြတာ ကျနော်တို့တိုင်းပြည်အတွက် အင်မတန် အားရှိစရာဖြစ်ပါတယ်။ ဒီနေ့ဆိုရင်လည်း
ဗြိတိသျှအစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာရနိုင်ငံများဌာနမှာ ကျနော်တို့ကိုဖိတ်ကြားပြီး
နိုင်ငံခြားရေးဝန်ကြီး မစ္စမက်မန်းနဲ့ မကြာမီကမှ မြန်မာပြည်က ပြန်ရောက်လာတဲ့
မစ္စတာ ချားလ်စ်ပက်ထရီတို့က အသေးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်”

အခုလို မြန်မာ့အရေးကို ဗြိတိသျှအစိုးရက စိတ်ဝင်တစားနဲ့ အရေးတကြီးပြောဆို လာတာတွေနဲ့ယှဉ်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးကို ဒေါက်တာဝင်းနိုင်က …
“အဲတော့ ဗြိတိသျှအစိုးရအနေနဲ့ အခုလို မြန်မာနိုင်ငံရေးအခြေအနေကို စိတ်ဝင်စား
စွာနဲ့ အရေးတကြီး ပြောဆိုလာတာ၊ အရေးယူလုပ်လာတာတွေဟာ ကျနော်တို့ မြန်မာပြည်ရဲ့ရှေ့ရေးအတွက်တော့ အင်မတန်ကောင်းပါတယ်လို့ ပြောချင်ပါတယ်။
ထို့အတူပဲ မြန်မာပြည်အတွင်းမှာရှိနေကြတဲ့ ပြည်သူပြည်သားတွေကလည်း ငါတို့ချည်း
ပဲမဟုတ်ဘူး၊ တို့ကို တကမ္ဘာလုံးက ၀ိုင်းဝန်းပြီးတော့ ကူညီဖို့အဆင်သင့်ရှိနေကြတယ်
ဆိုတာကို အားတက်သရော ဆက်ပြီး ကိုယ်လုပ်စရာရှိတာ လုပ်ဖို့လိုတယ်လို့ ထင်ပါ
တယ်” လို့ ပြောပြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG