သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ဥရောပသမဂ္ဂမှ ဒေါ်လာ ၁၅ သန်းထောက်ပံ့


ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်
နိုင်ငံမှာ အတည်တကျ အခြေချနေထိုင်
ရေးအတွက် အီးယူ ဥရောပသမဂ္ဂ ဥရောပကော်မရှင်က စာနာမှုထောက်ပံ့
ကြေး အမေရိကန်ဒေါ်လာ ၁၅ သန်း
ထောက်ပံ့ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူး
ဒေလီမြို့မှာရှိတဲ့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံးရဲ့ လူမှုရေးအထောက်အပံ့ဌာန တောင်အာရှပြန်ကြားရေးတာဝန်ခံ မစ္စကရဲဘာရိုးကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်
မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက် ကော့ဆက်စ်ဘဇားခရိုင် တက်နပ်ဖ် ဒုက္ခသည်
စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဆိုးဝါးလှတဲ့အခြေအနေမှာ
နှစ်ပေါင်း ၂၀ ကျော်ကြာ ဒုက္ခမျိုးစုံနဲ့ ခိုလှုံနေကြရသူတွေဖြစ်တယ်လို့ မစ္စကရဲဘာရိုး
က ပြောပြပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပြဿနာဟာ အားလုံးက မေ့မေ့ပျောက်ပျောက် ဖြစ်နေကြ
တဲ့ ကိစ္စတရပ်လို့ အီးယူ ဥရောပသမဂ္ဂက ရှုမြင်ပါတယ်။ သူတို့တတွေဟာ အဲဒီနေရာ
မှာ နေနေကြတာ နှစ်တွေလည်း အတော်ကြာခဲ့ပါပြီ။ အထောက်အပံ့ဆိုလို့လည်း မဆို
သလောက်ပဲ ရရှိကြတာပါ။ သူတို့လိုအပ်နေတာတွေကို ချက်ချင်းအကူအညီပေးဖို့
အတွက် အခုလိုဆောင်ရွက်ကြရတာပါ။ နိစ္စဓူဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရေ၊ မီး၊
အမိုးအကာ၊ ဖျားနာနေတဲ့ကလေးတွေအတွက် ဆေးဝါးတွေကို ချက်ချင်းပံ့ပိုးပေးဖို့
ဖြစ်ပါတယ်။ ကျန်းကျန်းမာမာနဲ့ ပုံမှန်ဘ၀မှာ နေထိုင်ကြဖို့အတွက် အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်” လို့ ပြောပြသွားတာဖြစ်ပါတယ်။

အဲဒီ တက်နပ်ဖ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၈၀၀၀
ခန့်ဟာ ကျပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလိုနေ၊ ဖြစ်သလို စားနေကြရပြီး မြန်မာနိုင်ငံကိုလည်း ပြန်ပို့လို့မရတဲ့ အခြေအနေမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အကူအညီနဲ့ အီးယူ ဥရောပသမဂ္ဂကနေ ဘင်္ဂလားဒေ့ရှ်
နိုင်ငံမှာ အဲဒီ ရိုဟင်ဂျာဒုက္ခသည်တွေကို အခြေချနေထိုင်ခွင့်ပြုရေးအတွက် ကြိုးစား ပေးခဲ့ကြတာဖြစ်တယ်လို့ မစ္စကရဲဘာရိုးက ဆက်ပြောပြပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေအတွက် သင့်တော်တဲ့မြေနေရာမှာ နေရာချထားပေးဖို့
UNHCR နဲ့ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒုက္ခ သည်စခန်းမဟုတ်တော့ဘဲ အခြေချနေထိုင်ဖို့ မြေနေရာအတည်တကျ ရရှိရေး ဖြစ်ပါ
တယ်။ ဒုက္ခသည်တွေအဖြစ်နဲ့မဟုတ်ဘဲ သာမန်ဒေသခံတွေလိုပဲ ပုံမှန်ဘ၀ကို
ထူထောင်နိုင်ကြဖို့ ရည်ရွယ်ပါတယ်။ အိုးအိမ်၊ ရေနဲ့မိလ္လာ၊ စားနပ် ရိက္ခာ စတဲ့ အခြေခံ လိုအပ်ချက်တွေကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို နှစ်ရှည်လများ လက်ခံထားရတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်
နိုင်ငံဘက်က ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် ဘယ်လိုသဘောထားရှိပြီးတော့ အခုလို မြေနေရာပေးဖို့အတွက် UNHCR နဲ့ အီးယူ ဥရောပသမဂ္ဂတို့ရဲ့ အကူအညီတောင်းခံ
တာကို လိုက်လျောမှုရှိပါရဲ့လားလို့ မေးကြည့်တော့ မစ္စကလဲဘာရိုးက အခုလိုဖြေပါ
တယ်။

“ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က လိုလိုလားလား ပူးပေါင်းဆောင်ရွက်တယ်လို့ ပြောလို့ရ
ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် သင့်တော်တဲ့မြေနေ
ရာ ကောင်းကောင်းပေးပါ့မယ်ဆိုတဲ့ အာမခံချက်ရရှိထားလို့ပါပဲ။ တကယ်လို့ မြေနေ
ရာရရင် UNHCR နဲ့ အီးယူ ဥရောပသမဂ္ဂကနေ လိုအပ်တာတွေကို ကောင်းကောင်း
တာဝန်ယူပေးမယ်လို့ ပြောထားခဲ့တာ ကြာပါပြီ။ ရိုဟင်ဂျာဒုက္ခသည်တွေကို ရေလွှမ်း
လေ့ရှိတဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ မနေစေချင်တော့ပါဘူး။ သူတို့ပုံမှန်ဘ၀မှာ
ရပ်တည်နိုင်ကြဖို့ လိုအပ်နေပါပြီ” လို့ ပြောပြသွားပါတယ်။

ဥရောပကော်မရှင်အနေနဲ့ အဲဒီရန်ပုံငွေတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကျိုး
ရှိရှိ ထိထိရောက်ရောက်သုံးစွဲနိုင်ဖို့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆက်လက်မေးမြန်း ကြည့်ရာမှာတော့ မစ္စကလဲဘာရိုးက အခုလိုဖြေပါတယ်။

“အီးယူ ဥရောပသမဂ္ဂကနေ ခွဲဝေချထားပေးတဲ့ လူမှုရေးရန်ပုံငွေ မှန်သမျှကို ဥရောပ အစိုးရနဲ့မပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ အဲန်ဂျီအိုတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေ၊
လခြမ်းနီ ကြက်ခြေနီအဖွဲ့တွေကတဆင့်ပဲ စနစ်တကျ သုံးစွဲစေတာဖြစ်ပါတယ်။ အဲဒီ လူမှုရေးရန်ပုံငွေတွေကို ဘယ်အစိုးရဌာနကိုမှ ပေးအပ်တာမရှိပါဘူး။ ကျွမ်းကျင်မှု
အကူအညီတွေနဲ့ ဥရောပအေဂျင်စီတွေကိုပဲ ခွဲဝေချထားပေးတာဖြစ်ပါတယ်” လို့
ပြောပြပါတယ်။

အီးယူဥရောပသမဂ္ဂရဲ့ ကျွမ်းကျင်သူအဖွဲ့တွေကလည်း လူမှုရေးလုပ်ငန်းတွေ လက်တွေ့ အကောင်အထည်ဖော်နေတဲ့ နေရာတွေကို ပုံမှန်ကွင်းဆင်းလေ့လာနေကြတယ်လို့
လည်း ရှင်းပြသွားပါတယ်။

၁၉၉၀ ပြည့်နှစ်တွေတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်
၂၃၆၀၀၀ ကို UNHCR ရဲ့ အစီအစဉ်နဲ့ မြန်မာပြည်တွင်းကို ပြန်ပို့နိုင်ခဲ့တယ်လို့ ဘင်္ဂ
လားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကလာတဲ့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG