သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပန်းစားနေသည့် တောင်ကိုရီးယား သမ္မတလောင်း လီမြောင်ဘက် အနိုင်ရရှိရန် သေချာ


တောင်ကိုရီးယားက ရှေးရိုးစွဲဝါဒီလည်းဖြစ်၊
စီးပွားရေးကို ဦးစားပေးသူလည်းဖြစ်တဲ့
Grand National Party က သမ္မတလောင်း
လီမြောင်ဘက် (Lee Myung-bak) ဟာ သမ္မတရွေးကောက်ပွဲရဲ့ အခုအချိန်အထိ မဲရေတွက်ပြီးသမျှမှာ မဲထည့်သူအားလုံးရဲ့
၅၀ ရာခိုင်နှုန်းကျော်ရရှိနေပြီး United New
Democratic Party သမ္မတလောင်းကတော့ ထည့်ပြီးသမျှမဲတွေရဲ့ ၂၆ ရာခိုင်နှုန်းကျော်
ရရှိပြီး ဒုတိယနေရာက လိုက်နေပါတယ်။

ဟွန်ဒိုင်း (Hyundai) နိုင်ငံစုံ စီးပွားရေးကော်ပို
ရေးရှင်းကြီးရဲ့ အမှုဆောင်အရာရှိ ဖြစ်ခဲ့ဖူးပြီး ဆိုးလ်မြို့တော်ရဲ့ မြို့တော်ဝန်လည်းဖြစ်ခဲ့တဲ့ သမ္မတလောင်း လီမြောင်ဘက်ဟာ သူ့
အပေါ်မှာ အတိတ်က စီးပွားရေးဆိုင်ရာပြစ်မှု ကျူးလွန်ခဲ့ဖူးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပေမယ့်လည်း သူဟာ တောင်ကိုရီးယားရဲ့ သမ္မတဖြစ်လာဖို့ သေချာနေပါပြီ။

တောင်ကိုရီးယားရဲ့ စီးပွားရေးတိုးတက်မှုနှုန်း မြင့်တက်လာဖို့ကို စွမ်းဆောင်ပေးဖို့နဲ့
အခွန်အတုပ်တွေ လျှော့ချဖြတ်တောက်ပေးဖို့တို့ကို မစ္စတာလီမြောင်ဘက်က တောင်ကိုရီးယားလူထုကို ရွေးကောက်ပွဲကတိ ပေးအပ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG