သုံးရလွယ်ကူစေသည့် Link များ

ထိုင်းပြည်သူ့အာဏာပါတီခေါင်းဆောင်နှင့် ဗီအိုအေမြန်မာပိုင်း သီးခြားတွေ့ဆုံမေးမြန်းချက်


ရွေးကောက်ပွဲမှာ အနိုင်ရရင် အိမ်နီးချင်း မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံစုံဆွေးနွေးပွဲတရပ်ကို ဘန်ကောက်မြို့တော်မှာ ခေါ်ယူကျင်းပပေးမယ်လို့ ထိုင်းနိုင်ငံ ပီပီပီ(ပြည်သူ့အာဏာပါတီ)ရဲ့ ခေါင်းဆောင် ခွန်စမတ် စွန်ထရာဝပ်က ပြောကြားပါတယ်။

သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရေးကို ဦးစားပေးမြင့်တင့်ဆောင်ရွက်သွားဖို့ မရှိသလို မြန်မာစစ်အစိုးရကို ဖိအားပေးသွားဖို့လည်း မရည်ရွယ်ကြောင်း မြန်မာပြည်သူတွေရဲ့ အရေးကိုသာ ပိုမိုဆောင်ရွက်လိုပါကြောင်း ခွန်စမတ် စွန်ထရာဝပ်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ထိုင်းနဲ့မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ အနီးကပ်ဆုံး အိမ်နီးချင်းတြွေ့ဖစ်တာကြောင့် အိမ်ရှေ့ပူ အိမ်နောက်စိတ်မချမ်းသာ ဖြစ်ကြရတာမိုလို့ မြန်မာနိုင်ငံရဲ့ လတ်တလော ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ အိမ်နီးချင်းကောင်း နိုင်ငံအနေနဲ့ ရပ်တည်ပေးဖို့ လိုအပ်တယ်လို့ မစ္စတာ စမတ်စွန်ထရာဝပ် က ပြောပြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG