သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းဖြုတ်ချခံရသည့် ဝန်ကြီး ချုပ်ဟောင်း တက်ခ်ဆင်ကို ထောက်ခံသူများ ရွေးကောက်ပွဲတွင် ဦးဆောင်နေ


ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင်
ရှင်နာဝတ်ထ် (Thaksin Shinawatra) ကို
ရာထူးက ဖယ်ရှားပြီးနောက် ပထမဆုံးကျင်းပ
တဲ့ရွေးကောက်ပွဲ မှာ ဒီကနေ့ ထိုင်းနိုင်ငံသား
တွေ မဲပေးခဲ့ကြပါတယ်။ မဲရုံ စစ်တမ်း
ကောက်ခံချက်တွေအရ ဝန်ကြီးချုပ်ဟောင်း
တက်ခ်ဆင်ကို ထောက်ခံသူတွေက အနိုင်ရ
နေပါတယ်။ လေ့လာဆန်းစစ်သူတွေက
တော့ ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး အကျပ်
အတည်းသစ်တွေထပ်ပြီး ကြုံလာရနိုင်တယ်
လို့ပြောပါတယ်။
ဗီအိုအေ သတင်းထောက် Luis Ramirez ဘန်ကောက်ကနေ သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး အစီရင်ခံထားပါတယ်။

အခုလို ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲတွေ ကျင်းပနေတဲ့အချိန် ပြည်တော် မပြန်နိုင်
တဲ့အဝေးရောက် ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှင်နာဝတ်ထ်က တော့ မဲစာရင်းတွေ
ကို ဟောင်ကောင်ကနေ ကြည့်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်နဲ့ အမတ် ၄၈၀ ပါ
မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့ ဒီ ရွေးကောက်ပွဲမှာ မစ္စတာ
တက်ခ်ဆင်ကိုယ်တိုင်ရှိနေတဲ့ ပွဲတပွဲနဲ့ မထူးပါဘူး။

ဒီရွေးကောက်ပွဲက အဓိက နိုင်ငံရေးပါတီကြီးနှစ်ခု အားပြိုင်တဲ့ပွဲပါ။ ထိုင်းစစ်တပ်က
သိသိသာသာ ကျောထောက်နောက်ခံပေးထားတဲ့ ဒီမိုကရက်ပါတီနဲ့ ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင်ကိုထောက်ခံသူ အများစုရဲ့ PPP ပြည်သူ့အာဏာပါတီ ပါ။ မစ္စတာ
တက်ခ်ဆင်ကို သစ္စာရှိရှိ ထောက်ခံခဲ့သူတွေထဲက တချို့က ဝန်ကြီးချုပ်ဟောင်းကို
လာဘ်စားမှုနဲ့ အရေးယူထားတာတွေကို ပြန်ရုပ်သိမ်း ပေးပြီး တိုင်းပြည်ကို ပြန်လာစေ ချင်ကြပါတယ်။

ဒီနေ့ မဲပေးခဲ့သူတွေထဲက တယောက်ဖြစ်တဲ့ နက်ပွန် (Naporn) ခေါ် အသက် ၅၃ နှစ်
အရွယ် စီးပွားရေးသမားတစ်ယောက်ကတော့ ဒီမိုကရက်ပါတီက အဘီဆစ်တ်
ဗက်ဂျာဂျီဗာ (Abhisit Vejjajiva) ကို မဲပေးမလား၊ ပီပီပီ ပါတီက စမတ်က် စုံထရာ
ဝတ်ဂျ်(Samak Sundaravej) ဘယ်သူ့ကို ဝန်ကြီးချုပ် ရွေးမလဲဆိုတာ စစ်တပ်နဲ့
တက်ခ်ဆင်ကို ဘယ်သူ့ကို ထောက်ခံမလဲ ရွေးရတာနဲ့ အတူတူပါပဲလို့ပြောပါတယ်။

အဘီဆစ်တ် ဗက်ဂျာဂျီဗာကို စစ်တပ်က နောက်က ထောက်ခံမှု ပေးထားတယ်လို့
မဲပေးခဲ့တဲ့ နက်ပွန်ကပြောတာပါ။ စမတ်က် စုံထရာဝတ်ဂျ်ကိုတော့ ဝန်ကြီးချုပ်
ဟောင်း တက်ခ်ဆင်က ထောက်ခံထားတယ်လို့ သူကပြောတာပါ။

ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင်ဟာ ထိုင်းနိုင်ငံရဲ့ ဆင်းရဲသားပြည်သူအများစု
ထောက်ခံမှု ရထားတဲ့သူပါ။ သူ့ရဲ့မူတွေကို ဆင်းရဲသားတွေက ကြိုက်နှစ်သက်
ပါတယ်။ တက်ခ်ဆင်ကို ကန့်ကွက်သူတွေကတော့ တကယ်လို့သာ ပီပီပီ အနိုင်ရ
ခဲ့မယ်ဆိုရင် အရင်တုန်းကလို လာဘ်စားမှုတွေ တိုင်းပြည်တဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ပြန်ဦးမော့လာနိုင်တယ်လို့ ထောက်ပြပြောဆိုနေပါတယ်။

ဒီရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ကာလ
အတွင်းအဓိက အားပြိုင်ခဲ့ကြတဲ့ အင်အားစုတွေပဲ ပြန်ပြီး ယဉ်ပြိုင်နေကြတဲ့ပွဲတပွဲလို့
နိုင်ငံရေးလေ့လာ သူတွေက ရှုမြင်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲကို
အခြေခံပြီးနိုင်ငံရေး အကျပ်အတည်းတွေ အစပျိုးလာအောင် မီးထိုးပေးသလိုဖြစ်မှာ
ကိုသူတို့ကသတိပေးနေကြတာပါ။ ဘန်ကောက် ချုလာ လောင်ကွန်းတက္ကသိုလ်က
နိုင်ငံရေးသိပ္ပံပါမောက္ခသစ်တီနဲန် ပွန်ဆူဒီရတ်ခ် (Thitinan Pongsudhirak) ကတော့ -

“ဒီနေ့ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းရဲ့ အခြေခံအကျဆုံး အရင်းအမြစ်က
ဝိဝါဒကွဲလွဲမှုကြီးနှစ်ခုရဲ့ ပင်မအားပြိုင်မှုကြောင့် ပေါ်ပေါက်နေတာပါ။ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ကျန်တဲ့နေရာတွေရဲ့ ကွဲလွဲချက်ပေါ် အခြေခံပါ တယ်။ မြို့ပြနဲ့
ကျေးလက် ဒေသတွေကြား ကွဲလွဲချက်တွေပါ။ ဒါက ပြဿနာကို ယေဘုယျ ခြုံကြည့်
လိုက်တာပါ။ အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တာလည်း ဒါက အဓိကအချက်ပဲ။ တက်ခ်ဆင်
ကထိုင်းနိုင်ငံက ဆင်းရဲနွမ်းပါးသူတွေကို အသုံးချ တယ်။ သူတို့ကြားမှာ ရေပန်းစား
တယ်။ သူက ရွေးချယ်ခံခဲ့ရပြီး နောက် ရွေးကောက်ပွဲမှာလည်း ပြန်နိုင်လာတယ်။
ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် နိုင်ခဲ့တာတွေ လူအများစုအကြား ရေပန်းစားလာ
တွေက လက်ရှိ အခြေကျနေတဲ့သူတွေကို ခြိမ်းခြောက်တဲ့အန္တရာယ်တခု ဖြစ်လာတော့
တာပါပဲ။”

ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးကွဲလွဲချက်တွေ ရှိနေတယ်ဆိုပေမယ့် ဒီနေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကတော့ တခုလုံးကိုခြုံကြည့်ရင် အေးအေးချမ်းချမ်းနဲ့ ပြီးစီးသွားပါတယ်။

ရွေးကောက်ပွဲကာလအတွင်း စောင့်ကျပ်ဖို့ ထိုင်းအစိုးရက စစ်သားတွေ ထောင်နဲ့ ချီ တပ်ဖြန့်ချထားခဲ့ပါတယ်။ အဓိကကတော့ မူဆလင်ခွဲထွက်ရေးလှုပ်ရှားမှုတွေ နှစ်ပေါင်း များစွာပေါ်ပေါက်ခဲ့ပြီး လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ဖူးတဲ့ တောင်ပိုင်းဒေသတွေမှာ လုံခြုံရေးအဖွဲ့တွေ အဓိက တပ်ဖြန့်ချထားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG