သုံးရလွယ်ကူစေသည့် Link များ

ခရစ်တော်ဖွားမြင်ရာ Bethlehem အရပ်တွင် ခရစ္စမတ်ပွဲဆင်နွှဲရန် ဧည့်သည်အများအပြားရောက်ရှိ


ကမ္ဘာအ၀ှမ်းက ခရစ္စမတ် ဘုရားဖူးလာကြသူ
တွေဟာ Bethlehem မြို့မှာ ခရစ္စမတ်ပွဲ
အတွက် အခု စုဝေးရောက်ရှိကြပါတယ်။

ခရစ်တော်ဖွားမြင်တယ်လို့ ခရစ်ယာန်
ဘာသာဝင်တွေ ယုံကြည်ကြတဲ့ ဒီ
Bethlehem အရပ်ကို သောင်းနဲ့ချီတဲ့ ခရီး
သွားဧည့်သည်တွေ လာရောက်ကြမယ်လို့ မျှော်လင့်ထားတာပါ။ အရင်ကတော့ ပြဿ
နာတွေ၊ ပဋိပက္ခတွေကြောင့် နိုင်ငံခြားသား
အတော်များများ ဒီနေရာကို မသွားကြပါ
ဘူး။

အခုတော့ အကြမ်းဖက်မှုတွေ လျော့ကျလာ
တယ်လို့ ယူဆရပြီး အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စလာတာ
ကြောင့် ဒီနေရာကို ခရီးသွားတွေ ပိုများလာခဲ့ပါတယ်။

Bethlehem က ခရစ္စမတ်ပျော်ပွဲတွေအားလုံးဟာ ညသန်းခေါင်မှာတော့ ခရစ်တော်
ဖွားမြင်တော်မူတဲ့ ဘုရားကျောင်းမှာ အဆုံးသတ်ကြမှာပါ။

Rome မြို့မှာတော့ ပုပ်ရဟန်းမင်း ဘန်နာဒစ်က ဒီည သန်းခေါင်ယံ ခရစ္စမတ်ပွဲတော်
ကို ပြုလုပ်ဖို့ရှိပြီး ခရစ္စမတ်နေ့မှာတော့ အစဉ်အလာအတိုင်း ခရစ္စမတ်ဆုတောင်း
မိန့်ခွန်း ကမ္ဘာကို ပြောကြားဖို့ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က သမ္မတ အပန်းဖြေစခန်းမှာတော့
သမ္မတဘုရှ်က နိုင်ငံပြင်ပရောက်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဖုန်းနဲ့ဆက်ပြီး ခရစ္စမတ်ဆုတောင်းစကား ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG