သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အရှိန်မပျက် ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက် အတိုက်အခံအင်အားစုများ ကြိုဆို


မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရစီအင်အားစု
တွေနဲ့ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းကို ရောက်ရှိလာရေးအတွက် ကုလသမဂ္ဂအဖွဲ့ အတွင်းမှာဖြစ်ဖြစ်၊ စစ်အစိုးရအပေါ် သြဇာ
ရှိတဲ့ တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံ
တွေနဲ့ဖြစ်ဖြစ် အမေရိကန်အစိုးရအနေနဲ့ ဖိဖိ
စီးစီး လုပ်ဆောင်သွားမယ်လို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်
(Condoleezza Rice) က ပြီးခဲ့တဲ့ သောကြာ
နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ
ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား
ခဲ့ပါတယ်။ ဒီအပေါ် မြန်မာ့အတိုက်အခံ
အင်အားစုတွေရဲ့ တုံ့ပြန်ချက်တွေကို ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပခဲ့တဲ့ တနှစ်တာလုပ်ငန်းစဉ်တွေ ပြန်လည်သုံးသပ်ချက် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က မြန်မာ နိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေဟာ သမ္မတဘုရှ် အစိုးရ
အတွက် အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်လာနေပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ
အရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် ကုလသမဂ္ဂအပါအဝင် နေရာ
တကာတိုင်းမှာ ထပ်ခါတလဲလဲတိုက်တွန်းပြီး အရှိန်မပျက် ဆက်လက်လုပ်ဆောင်သွား
မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီလို အရေိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် ပြောဆိုလိုက်တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ထောက်ခံကြိုဆိုကြောင်း NLD ပြောခွင့်
ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်အနေနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာ အရှိန်အဟုန်မပျက်
ရှိနေဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့လည်း သဘောတူတယ်။ ဘာကြောင့်လဲဆိုတော့
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂကိုယ်တိုင် ဝင်ရောက်ဆောင်
ရွက် ညှိနှိုင်းပေးနေတဲ့ အခြေအနေဟာ မြန်မာနိုင်ငံရေးဟာ ပြည်တွင်းရေးသက်သက်
လို့ ပြောလို့မရပါဘူး။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာ ရှင်သန်နေဖို့လိုတယ်
ဆိုတာ ကျနော်တို့ သဘောတူပါတယ်”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အခုလိုပြောဆိုလိုက်တဲ့အပေါ် သူ့အနေနဲ့ ကြိုဆို
ကြောင်း၊ သူ့ရဲ့သဘောထားကလည်း ပြည်တွင်းက NLD အဖွဲ့နဲ့ တထပ်တည်းဖြစ်
ကြောင်း အင်္ဂပူမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) က ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့
NLD လွှတ်တော်အမတ် ဦးမြဝင်းက ပြောပါတယ်။
“ကျနော့်အနေနဲ့ ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့နဲ့ သဘောထား
တထပ်တည်းပါပဲ။ သဘောထားတထပ်တည်းဆိုသော်လည်း တကယ့်တကယ်ပြောရ
ရင် ဒီ့ထက်ထိတောင် ပိုလုပ်စေချင်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စမှာ အမြဲတမ်း Advocate လုပ်နေတဲ့ကိစ္စရှိတာကိုး။ ဆိုတော့ ဗမာ
ပြည်ကိစ္စမှာ ဗမာအစိုးရကနေ ကုလသမဂ္ဂကိုပေးအပ်ထားတဲ့ ကတိကဝတ်တွေနဲ့
ပတ်သက်ပြီး မလိုက်နာတဲ့ကိစ္စ ရှိနေတဲ့အပေါ်မှာ စီးပွားရေးကိစ္စ၊ လက်နက်မရောင်းချ
ရေး အပါအဝင် အဖက်ဖက်ကနေ ထပ်ပြီး ဖိဖိစီးစီးလုပ်မယ်ဆိုရင် ပိုပြီးကောင်းမယ်ဆို
တာ ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်၊ ထောက်ခံပါတယ်”

မြန်မာစစ်အစိုးရကနေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီကနေ မြန်မာ့အရေးကိစ္စတွေဆောင်ရွက်ပေးဖို့ တာဝန်ပေး ခန့်အပ်ခံထားရ
တဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီအပေါ်မှာ မလေးမစားပုံစံမျိုး ဆက်ဆံနေတာကိုရော ဘယ်လိုသဘောရပါလဲ။
“နံပါတ်တစ်အချက်ကတော့ သက်ဆိုင်ရာ ကာယကံရှင်ဖြစ်တဲ့ ဗမာစစ်အစိုးရ၊ ဗမာ
စစ်အုပ်စုရဲ့ အဓိကသရုပ်ကို ဖော်ပြတာဖြစ်တယ်။ ဒုတိယအချက်ကတော့ လုပ်ထုံး
လုပ်နည်းအရ ဗမာနိုင်ငံကို အရေးယူဖို့အတွက် လုံခြုံရေးကောင်စီမှာ တင်ပြပြီး ဆွေးနွေးကြတဲ့အခါမှာ Non Binding Resolution ပဲဖြစ်နေတဲ့ အခါကျတော့ Non
Binding Resolution အောက်ကသွားတဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီရဲ့ လုပ်ပိုင်ခွင့်
က ဘောင်ကျဉ်းနေတာကို နအဖအစိုးရက လေ့လာသိရှိထားတဲ့အခါကျတော့ သူတို့
က မလေးမစားဆက်ဆံတာဖြစ်တယ်။ ဒီသဘောကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်
အရေးကို အသေအလဲ ဖော်ဆောင်နေပါတယ်ဆိုတဲ့ စစ်အစိုးရရဲ့သရုပ်ကို အသေ
အချာ ဖော်ပြတာဖြစ်ပါတယ်။ ဒီဘက်က လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားနဲ့
တရုတ်တို့က Non Binding ပေါ်လစီကနေ Binding Resolution တခုချနိုင်ဖို့၊ မစ္စတာ ဂမ်ဘာရီကိုလည်း ပိုပြီး လုပ်ပိုင်ခွင့်ပေးနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်”

မြန်မာ့အရေးကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရကို ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံတ
ကာ ကွန်မြူနတီကမှ ဖိတ်ခေါ်ပြီး မြန်မာ့အရေးကို ဆောင်ရွက်ပါဆိုပြီး အဖွဲ့အစည်း
ထဲမှာ ထည့်လာတာမရှိပါဘူး။ အာဆီယံကပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂပဲဖြစ်ဖြစ်၊ အမေ
ရိကန်ပြည်ထောင်စုကပဲဖြစ်ဖြစ်၊ အိန္ဒိယအစိုးရအနေနဲ့ ဒီ့ထက်ပိုလုပ်သင့်တယ်လို့
ပြောနေကြတာက တပိုင်းပေါ့။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကနေ တရားဝင်ဖိတ်ပြီး
တော့ ဒီထဲမှာပါဝင်ပါဆိုပြီး ပြောလိုက်တဲ့အပေါ်မှာရော ဘယ်လောက်အထိ အိန္ဒိယ
အစိုးရရဲ့ ရပ်တည်ချက် ပြောင်းသွားစေနိုင်လဲ။
“အိန္ဒိယအစိုးရကတော့ Regional Power မှာ Foreign Policy အရပြောမယ်ဆိုရင်
တရုတ်နဲ့ level တန်းရှိတာကိုး။ တဖက်မှာလည်း အိန္ဒိယအစိုးရအနေနဲ့က ဒီမိုကရေစီ
ရေး သက်သက်မဟုတ်ဘဲ စီးပွားရေးအရကိစ္စတွေ ရှိတဲ့အခါကျတော့ သူ့မှာ သီးခြား သဘောထားလေးတွေရှိတယ်။ တကယ့်တကယ်ပြောရရင်တော့ သြဇာရှိတဲ့ ဒီမိုကရေစီ
နိုင်ငံအနေနဲ့ သူကသာ ဗမာပြည် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကိစ္စမှာ စိတ်ပါဝင်
စားပြီး၊ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တော့ လက်တွေ့ ကာယကံရှင်အဖြစ် သဘောထားပြီး စဉ်းစားလုပ်ဆောင်မယ်ဆိုရင် Regional Power အနေနဲ့သာမကဘူး၊ ကမ္ဘာ့
Global Power ရဲ့ သဘောအရပါ ဒီမိုကရေစီရေးကိစ္စကို ဦးစားပေးဆောင်ရွက်တဲ့
ဂုဏ်သိက္ခာကို သူ့အနေနဲ့လုပ်ရင် ဖြစ်နိုင်တဲ့သဘောရှိတယ်။
“တရုတ်နဲ့သူနဲ့က ရပ်တည်ချက်ချင်း တူစရာမလိုဘူး။ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်သွား
ရမှာ။ တရုတ်ကတော့ အာဏာရှင်နိုင်ငံဖြစ်တဲ့အတွက် ဒီမိုကရေစီရေးကိစ္စကို
မထောက်ခံတာက တပိုင်း၊ အိန္ဒိယအနေနဲ့ကတော့ Global Status ကို ခေတ်ပျက်သူဌေး
အနေနဲ့၊ ခေတ်ပျက်စီးပွားရေးသမားအနေနဲ့ ကိုယ့်ကိုယ်ကို သဘောထားမယ်ဆိုရင်
တော့ ဗမာပြည်အရေးကိစ္စကို နှုတ်ပိတ်နေ။ ဒါပေမယ့် Global Status ကိုရောက်ဖို့
Global Leadership အခန်းကဏ္ဍကို ရောက်ဖို့ဆိုရင်တော့ အိန္ဒိယဟာ တရုတ်နဲ့မတူတဲ့ သဘောထားမျိုး ဗမာပြည်မှာထားရမယ်။ သူက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး
ကိုး။ အဲဒါမှ သူက တကယ့် Global Power သဘောမျိုးအထိရောက်မယ်။ မဟုတ်ရင်
တော့ ခေတ်ပျက်စီးပွားရေးသမားပဲဖြစ်မယ်”
ဦးမြဝင်း ပြောသွားတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးကိစ္စ ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟမ်
ဂမ်ဘာရီရဲ့ အခန်းကဏ္ဍကိုလည်း ဒီထက်ပိုမိုမြှင့်တင်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါ
တယ်။

မစ္စတာ ဂမ်ဘာရီကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ဝါရှင်တန်ဒီစီမြို့ သမ္မတ အိမ်ဖြူတော်ကိုလာပြီး မြန်မာ့အရေးကို အထူးစိတ်ဝင်တစား ဆောင်ရွက်နေတဲ့
သမ္မတကတော် လော်ရာဘုရှ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG