သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် ပြည်တော်ပြန်ချင်ပြီ၊ နိုင်ငံရေးနဲ့ မပတ်သက်တော့ပါဘူးလို့ပြော


ရာထူးက ဖယ်ရှားခံခဲ့ရပြီး ပြည်ပကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် တက်ခ်ဆင် ရှင်နာဝတ်ထ်က သူ ထိုင်းနိုင်ငံကို ပြန်လိုတဲ့အကြောင်း ပြောဆိုပါတယ်။ သူ့ရဲ့ နိုင်ငံရေးမဟာမိတ်ပါတီတွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက် သူ ထိုင်းနိုင်ငံကို ပြန်ချင်တဲ့အကြောင်း ဟောင်ကောင်မှာ ပြောဆိုလိုက်တာပါ။

မစ္စတာ တက်ခ်ဆင်က လာမယ့်

ဖေဖော်ဝါရီလလောက်မှာ အစောဆုံး ထိုင်းနိုင်ငံကို ပြန်ချင်တယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က စစ်တပ်က အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ အချိန်ကတည်းက ထိုင်း
ဝန်ကြီးချုပ်ဟောင်းက ပြည်ပနိုင်ငံတွေမှာပဲ နေထိုင်ခဲ့ရပါတယ်။

တနင်္ဂနွေနေ့ကတော့ ထိုင်းနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲမှာ ထိုင်း ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင်ကို ထောက်ခံတဲ့ ပါတီက အနိုင်ရ ခဲ့ပါတယ်။

ထိုင်းပြည်သူ့အာဏာပါတီဟာ အမတ်နေရာ ၄၈၀ ရှိတဲ့ ထိုင်း အောက်လွှတ်တော်အတွင်းမှာ ၂၃၃ နေရာ အနိုင်ရခဲ့တယ်လို့ ထိုင်းရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။

ပြည်သူ့အာဏာပါတီဟာ မစ္စတာ တက်ခ်ဆင်ကို ရာထူးက ဖယ်ရှားခဲ့တဲ့ ဗိုလ်ချုပ်တွေ ထောက်ခံထားတဲ့ ပါတီကို အနိုင်ရလိုက်တာဖြစ်ပါတယ်။

မစ္စတာ တက်ခ်ဆင်က သူထိုင်းနိုင်ငံကို ပြန်သွားမယ်ဆိုရင် နိုင်ငံရေးနဲ့ မပတ်သက်ဘဲ နေဘို့ စီစဉ်ထားတယ်လို့လည်း ပြောဆိုပါတယ်။

XS
SM
MD
LG