သုံးရလွယ်ကူစေသည့် Link များ

ဘနာဇီယာ ဘူတိုကို ဖခင်အုတ်ဂူဘေးတွင် မြေမြုပ်သင်္ဂြိုလ်


မနေ့က လုပ်ကြံခံလိုက်ရတဲ့ ပါကစ္စတန်
ဝန်ကြီးချုပ် ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) ရဲ့ ရုပ်အလောင်းကို Sindh ပြည်နယ် အတွင်းမှာရှိတဲ့ မိသားစု ဂူဗိမ္မာန်မှာ မြေမြုပ် သင်္ဂြိုလ်လိုက်ပြီ ဖြစ်ပါတယ်။

အစိမ်း၊ အနီနဲ့ အမဲရောင် ရောစပ်ထားတဲ့ သုံးရောင်ချယ် ပါကစ္စတန် ပြည်သူ့ပါတီ အလံကို လွှမ်းခြုံထားတဲ့ သူမရဲ့ ရုပ်ကလပ်ကို သယ်ဆောင်လာတဲ့ လမ်းမတလျှောက် ထောင်ပေါင်း များစွာသော ပြည်သူ လူထုကြီးက ၀မ်းနည်း ကျေကွဲစွာနဲ့ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။ သူမရဲ့ ရုပ်အလောင်းကို ဖခင် Zulfikar Ali Bhutto ရဲ့နံဘေးမှာ မြေမြုပ် လိုက်ပါတယ်။

လာမယ့် ဇန်န၀ါရီလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးအတွက် နိုင်ငံရေး မဲဆွယ် ဟောပြောပွဲက အပြန် လမ်းမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မစ္စဘူတို ကို အသေခံဗုံး ဖောက်ခွဲပြီး လုပ်ကြံ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အိမ်စောင့်အစိုးရရဲ့ ၀န်ကြီးချုပ်ကတော့ အစိုးရအနေနဲ့ ရွေးကောက်ပွဲ ရက်ရွေ့ဆိုင်းဖို့ လောလောဆယ် အစီအစဉ် မရှိဘူးလို့ ဒီကနေ့ ပြောကြားခဲ့ပါတယ်။

သမ္မတ Pervez Musharraf ကတော့ လုပ်ကြံ သတ်ဖြတ်မှုဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပြီး တာဝန်ရှိတဲ့ အစ္စလာမ် အစွန်းရောက်တွေကို အမြစ်လှန် တိုက်ထုတ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG