သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားဝတ်နေရေး အကျပ်အတည်းကြား ရရာအလုပ်လုပ်ရသည့် ကလေးငယ်တွေ ပိုများလာနေ


စီးပွားရေး မပြည်လည်မှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြားမှာ မြန်မာနိုင်ငံအတွင်းက လူငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေသလို လူငယ်တွေရဲ့ အနာဂတ် မရေရာမှုတွေဟာ တနေ့ထက်တနေ့ ပိုဆိုး လာနေပါတယ်။ မကြာသေးခင် လပိုင်းတွေအတွင်း စစ်အစိုးရက လောင်စာဆီဈေးတွေ တိုးမြှင့်သတ်မှတ်ပြီးနောက်ပိုင်းမှာ လူတွေ စီးပွားရေးအကျပ်အတည်းတွေ ပိုပြီး ရင်ဆိုင်လာနေရပါတယ်။ အကျိုးဆက်အဖြစ် လူငယ်တွေ စာသင်ခန်းတွေကို ကျောခိုင်းပြီး ရရာ အလုပ်လုပ်ကိုင်ရတဲ့ လူငယ်တွေ ပိုပြီး များလာနေပါတယ်။ မိဘတွေကလည်း အိမ်ရဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကို ဖြည့်ဆည်းပေးဘို့ ကလေးငယ်တွေကို အလုပ်လုပ်ခိုင်းရပါတယ်။ ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ကြီးရဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ခန့်မှန်းချက်အရ မြန်မာနိုင်ငံ အတွင်း အသက် ဆယ်နှစ်နဲ့ ဆယ့်လေးနှစ်အကြား ကလေး ငယ်တွေရဲ့ လေးပုံတစ်ပုံကျော်ဟာ ဝင်ငွေ ရမယ့် အလုပ်တွေကို လုပ်နေရတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံအတွင်းက ကလေးငယ်တွေရဲ့ လေးဆယ်ရာခိုင်နုံး ကျောင်းမတက်နိုင်ပဲ ကျောင်းတက်တဲ့ ကလေးငယ်တွေရဲ့ သုံးပုံနှစ်ပုံဟာ မူလတန်းကို ပြီးအောင် မတက်နိုင်ဘူးလို့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပညာရေး သုသေနမှတ်တမ်းတွေမှာ ဖေါ်ပြကြပါတယ်။

XS
SM
MD
LG