သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားလူမျိုးစုခြင်း တိုက်ခိုက်မှုများ ကင်ညာတွင် ပျံ့နှံ့နေ


ကင်ညာနိုင်ငံမှာ သမ္မတရွေးကောက်ပွဲအပြီး
ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ တခြားဒေသတွေ
ဆီ ပြန့်နှံ့သွားတာနဲ့အမျှ ပြိုင်ဘက် တိုင်းရင်း သားအုပ်စုတွေက ဒေါသထွက်နေတဲ့ လူအုပ်
တွေဟာ ရဲတပ်ဖွဲ့နဲ့ရော သူတို့အချင်းချင်းပါ တိုက်ခိုက်နေကြရပါတယ်။

တနင်္လာနေ့က နိုင်ဗားရှား၊ ကီဆုမု၊ အယ်လ်ဒို
ရက်တ်၊ ကာကာမီဂါနဲ့ ကင်ညာ အလယ်ပိုင်းနဲ့ အနောက်ပိုင်းက တခြားနေရာတွေ မှာ တိုက်
ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ မျက်မြင်တွေကပြော
ပါတယ်။ နိုင်ဗားရှားနဲ့ ကီဆုမု အနည်းဆုံး
မြို့ကြီးနှစ်မြို့မှာ တိုက်ခိုက်မှု တွေကို ရပ်ဆိုင်းအောင်ကြိုးပမ်းတဲ့အနေနဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ဖောက်ခွဲခဲ့ပါတယ်။

တနင်္လာနေ့မှာပဲ အတိုက်အခံ လိမ္မော်ရောင်လှုပ်ရှားမှုအဖွဲ့က ဥပဒေပြုအမတ်တွေ
က ငြိမ်းချမ်းရေးအတွက် ထပ်ပြီးတော့ မေတ္တာရပ်ခံခဲ့ပါသေးတယ်။ တချိန်ထဲမှာပဲ
သူတို့က သမ္မတ မွိုင်ကဘာကီး (Mwai Kibaki) ရဲ့အစိုးရဟာ အလွန်အမင်းဆိုးရွားတဲ့ အစိုးရတခုအဖြစ် ဖော်ပြလိုက်ပြီး လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတယ်
လို့ စွပ်စွဲလိုက်ပါတယ်။ ဒီစွပ်စွဲချက်ကို မွိုင်ကဘာ ကီးအစိုးရက ငြင်းဆိုလိုက်ပြီး
အတိုက်အခံတွေဟာ အကြမ်းဖက်မှုဖြစ်အောင် အားပေးနေတယ်လို့ ပြန်ပြီး စွပ်စွဲ
လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG