သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာအပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက်ပိုများလာ၊ အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့ အစီရင်ခံစာထုတ်ပြန်


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ နောက်ပိုင်း စစ်အစိုးရက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ စက်တင်ဘာလ မတိုင်ခင် အရင်ကရှိခဲ့တဲ့ အရေအတွက်ထက် ပိုပြီးများတဲ့ အကြောင်း ထိုင်းအခြေစိုက် အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောဆိုလိုက်ပါတယ်။

အခု မြန်မာနိုင်ငံမှာ အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ ၁,၈၀၀ ကျော်ရှိသွားပြီ ဖြစ်တဲ့အကြောင်း အေအေပီပီက ပြောပါတယ်။ ဒီအထဲမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလက သံဃာတော်တွေနဲ့ လူထုရဲ့ ဆန္ဒပြပွဲတွေအပြီး ဖမ်းဆီးခံခဲ့ရသူတွေ မပါဝင်တဲ့အကြောင်း အေအေပီပီက ပြောပါတယ်။

၂၀၀၆ ခုနှစ်ကနဲ့စာရင် ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းသားဦးရေဟာ ၇၀၀ ကျော် တိုးလာတဲ့ အကြောင်း အေအေပီပီရဲ့ အစီရင်ခံစာက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးဖို့အတွက် အာဏာပိုင်တွေက နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ မိသားစုဝင် တွေကို စိတ်အနှောင့်ယှက် ဖြစ်အောင် နှောင့်ယှက်တဲ့ နည်းလမ်းကိုလည်း အာဏာပိုင်တွေက အသုံးပြုနေတယ်လို့ အေအေပီပီက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးတဲ့အခါ အာဏာပိုင်တွေ အသုံးပြုခဲ့တဲ့ နေရာ ၈ ခုကိုလည်း အေအေပီပီရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ အဲဒီအထဲမှာ ကောလိပ် ကျောင်းတစ်ခု၊ ဘာသာရေး နယ်မြေတစ်ခုနဲ့ ရဲစခန်းတွေလည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG