သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာနိုင်ငံ အတိုက်အခံတွေနဲ့ အစိုးရအကြား ဆွေးနွေးမှုအခြေအနေ တိုးတက်မှုတွေ ရှိနေပြီ၊ ကြားဝင် စေ့စပ်သူတွေ ပြောကြား


ကင်ညာနိုင်ငံမှာ အပြန်အလှန် တိုက်ခိုက်နေကြတဲ့ နိုင်ငံရေးပါတီတွေအကြား ဒီဇင်ဘာလက သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အဖြေရှာရေး ကြိုးပမ်းချက်တွေ တိုးတက်မှုတွေ ရှိလာနေပြီလို့ စေ့စပ်ဆွေးနွေးသူတွေက ပြောပါတယ်။

ကုသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Kofi Annan) က သက်ဆိုင်ရာ ဘက်ပေါင်းစုံအနေနဲ့ ရှေ့သီတင်းပတ် စောစောပိုင်းအတွင်းမှာ နိုင်ငံရေး ပြဿနာတွေကို အဖြေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

မစ္စတာ အာနန်ဟာ ပဠိပက္ခတွေ အဖြေရှာရေး ကြားဝင် စေ့စပ်ဆွေးနွေးနေပါတယ်။ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ပြဿနာတွေကို အဖြေရှာနိုင်ဖို့ လိုအပ်တဲ့အကြောင်း အစိုးရဖက်ကရော အတိုက်အခံတွေဖက်ကပါ လက်ခံထားတယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲအပြီး ကျင်းပခဲ့တဲ့ အကြမ်းဖက်မှုတွေကြားမှာ ကင်ညာနိုင်ငံတဝှမ်းက လူပေါင်း ၁,၀၀၀ လောက် အသတ်ခံခဲ့ရသလို လူပေါင်း ၃၀၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

ကင်ညာအစိုးရ စေ့စပ်ဆွေးနွေးရေးမှူး မူတူလာ ကီလွန်ဇို (Mouula Kilonzo) က စေ့စပ် ဆွေးနွေးသူတွေအနေနဲ့ အလွန်အမင်း ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ဒီနေ့မှာပဲ ကင်ညာအစိုးရက ဒီဇင်ဘာ ၂၇ ရွေးကောက်ပွဲအပြီး သိပ်မကြာခင် ပိတ်ပင်ထားတဲ့ လူတွေ အစုအဝေးနဲ့ စည်းရုံးခွင့် တားမြစ်ထားတာကို ပြန်လည် ခွင့်ပြုလိုက်ပါတယ်။

ပြည်တွင်း လုံခြုံရေးဝန်ကြီး ဂျော့ချ် ဆိုင်တိုတီ (George Saitoti) က လုံခြုံရေး အခြေအနေဟာ ယေဘုယျအားဖြင့် တိုးတက်လာတယ်လို့ အစိုးရဖက်က ကောက်ချက်ချထားတဲ့အကြောင်း ပြောဆိုပါတယ်။ ရှေ့အနာဂတ်မှာ ကျင်းပမယ့် ဆန္ဒပြပွဲတွေဟာ သွေးထိုး လှုံ့ဆော်တာမျိုးတွေ အတွက် မဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ပိုပြီးကောင်းမွန်လာအောင် ရည်ရွယ်သင့်တယ်လို့လည်း သူက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG