သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်နယ်သုံးခု အကြိုရွေးချယ်ပွဲများတွင် အိုဘားမား အနိုင်ရ


စနေနေ့ က ကျင်းပခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ
ရဲ့ ပါတီလိုက် သမ္မတလောင်း ရွေးကောက်ပွဲ
တွေမှာ Barack Obama က Hillary Clinton
ကို အနိုင်ရရှိခဲ့ပါတယ်။

Nebraska, Louisiana, နဲ့ Washington
ပြည်နယ်တွေမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ
တွေမှာ အိုဘားမားက ၂ မဲ ၁ မဲ နှုန်းနဲ့ နိုင်ခဲ့
တာပါ။ တနင်္ဂနွေနေ့မှာ မိန်းပြည်နယ်၊ အင်္ဂါ
နေ့မှာ ဗာဂျီးနီးယား၊ မေရီလန်း၊ နဲ့ ဝါရှင်တန်
ဒီစီတို့မှာ ရွေးကောက်ပွဲတွေ ဆက်လက်
ကျင်းပမှာ ဖြစ်ပါတယ်။

ဗာဂျီးနီးယားပြည်နယ်ရဲ့ မြို့တော်မှာ မိန့်ခွန်း ပြောကြားရာမှာ တိုင်းပြည် နေရာအနှံ့ သူ နိုင်နိုင်တယ်လို့ အိုဘားမားက ဆိုပါတယ်။

ရီပတ်ဘလီကန်ပါတီ ရွေးကောက်ပွဲမှာတော့ အာကင်ဆောပြည်နယ် အုပ်ချုပ်ရေးမှူး
ဟောင်း Mike Huckabee က Kansas မှာ လွယ်လွယ်ကူကူ အနိုင်ရရှိသွားပြီး၊ Louisiana
ပြည်နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်နေရပါတယ်။ ဝါရှင်တန်ပြည်နယ်မှာတော့
ဂျွန် မက်ကိန်းက ကပ်နိုင်သွားခဲ့ပါတယ်။

ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် မက်ကိန်းဟာ စိတ်ချရတဲ့ ကိုယ်စားလှယ် အရေအတွက်ကို ရရှိနေပါတယ်။ အင်္ဂါနေ့မှာတော့ Verginia, Maryland နဲ့
Washington DC တို့မှာ ရီပတ်ဘလီကန်ပါတီ ရွေးကောက်ပွဲတွေ ကျင်းပမှာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG