သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိန်းပြည်နယ် အကြိုရွေးချယ်ပွဲ အိုဘားမားနိုင်၊ ဟီလာရီ ကလင်တန် မဲဆွယ်စည်းရုံးရေးတာဝန်ရှိသူများ အပြောင်းအလဲလုပ်


အမေရိကန် အရှေ့မြောက်ပိုင်းပြည်နယ်တခု
ဖြစ်တဲ့ မိန်းပြည်နယ်က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း အကြိုရွေးချယ်ပွဲမှာ အထက်
လွှတ်တော် အမတ် ဘားရက် အိုဘားမား
အနိုင်ရသွားပြီလို့ အမေရိကန် သတင်းမီဒီယာ
တွေကကြေညာကြပါတယ်။

မဲရုံ ၇၀% က ဆန္ဒမဲစာရင်းတွေ သိရပြီးတဲ့
နောက် အိုဘားမားက ၅၈%၊ ကလင်တန်က
၄၁% ရထားကြတာပါ။

စနေနေ့ကကျင်းပခဲ့တဲ့ ပြည်နယ်လေးခုက ရွေးချယ်ပွဲတွေမှာ အိုဘားမား အနိုင်ရခဲ့ပြီး
တဲ့နောက် ဟီလာရီကလင်တန်က သူ့ရဲ့ မဲဆွယ်စည်းရုံးရေး မန်နေဂျာကို တနင်္ဂနွေနေ့
မှာ လဲလိုက်ပါတယ်။

အိုဘားမားဟာ လူဝီစီယားနား၊ နီဘရားစကား၊ ဝါရှင်တန်နဲ့ အမေရိကန်နယ်မြေ ဗားဂျင်းကျွန်းတို့မှာလုပ်ခဲ့တဲ့ Primary ဒါမှမဟုတ် Caucus ရွေးချယ်ပွဲတွေမှာ အနိုင်ရ
ခဲ့တာပါ။ အဲဒီနေရာလေးခုစလုံးမှာ ၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒါထက်များတဲ့ မဲ
အရေအတွက်နဲ့ အနိုင်ရသွားပါတယ်။

နိုဝင်ဘာလမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီရဲ့ သမ္မတ
လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ရဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်ထောက်ခံမဲ အရေအတွက်
မှာတော့ ကလင်တန်က အနည်းငယ်သာနေတုန်းပါပဲ။

ရီပတ်ဘလီကန်ဘက်မှာတော့ အာကင်ဆောပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မိုက်
ဟပ်ကာဘီးက ရှေ့ကပြေးနေတဲ့ အရီဇိုးနား အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း
ကို လူဝီစီးယားနားနဲ့ ကန်းဆတ်စ်ပြည်နယ်တွေမှာ အနိုင်ရသွားပါတယ်။ ဒါပေမယ့်
မက်ကိန်းက သိသိသာသာ ဦးဆောင်နေတုန်းရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG