သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲအစီအစဉ် ကုလသမဂ္ဂ လက်မခံနိုင်


မြန်မာစစ်အစိုးရက ကြေညာထားတဲ့ အခြေခံ
ဥပဒေအသစ်အတွက် လူထုဆန္ဒခံယူပွဲနဲ့ အထွေထွေရွေးကောက်ပွဲတွေမှာ သက်ဆိုင်သူ
အားလုံး ပါဝင်ဖို့လိုတယ်လို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါ
တယ်။ စစ်အစိုးရရဲ့ကြေညာချက်အပေါ် နိုင်ငံ
တကာက တုန့်ပြန်မှုတွေ ဆက်တိုက်လို ထွက်လာ
နေတဲ့ထဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သဘောထားလည်း ထွက်ပေါ်လာတာပါ။ ဦးကျော်ကျော်သိန်းက အပြည့်အစုံ အစီရင်ခံထား
ပါတယ်။

မြန်မာစစ်အစိုးရရဲ့ အချိန်ဇယားကြေညာချက်ပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က
သတိထားပြီး တုန့်ပြန်လိုက်တယ်လို့ ပြောနိုင်ပါတယ်။ ဒီကြေညာချက်ဟာ စစ်အစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် အဆင့်ခုနစ်ဆင့်အတွက် ပထမဆုံးထွက်လာတဲ့ အချိန်ဇယားဖြစ်
တယ်လို့ အတွင်းရေးမှူးချုပ်က အသိအမှတ်ပြုထားပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်
ထဲမှာ ကျယ်ပြန့်တဲ့ပါဝင်မှု ရှိရမယ်ဆိုတဲ့ သူ့ရဲ့ အရင် တောင်းဆိုချက်ကို အတွင်းရေးမှူး
ချုပ်က ထပ်ပြီးဖော်ပြထားပါတယ်။

ဒီသဘောထားကို အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Michelle
Montas က မနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောသွားပါတယ်။

“ဘယ်လို အခြေခံဥပဒေမူကြမ်းမဆို မြန်မာပြည်သူလူထုအားလုံးရဲ့အမြင်တွေကို
ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြု ဖောြ်ပနိုင်ရေး သေချာစေအောင် အားလုံးပါဝင်ဖို့၊
ဝိုင်းဝန်းဆွေးနွေးပြီး ပွင့်လင်းမြင်သာမှုရှိဖို့ အတွင်းရေးမှူးချုပ်က ထပ်ပြီးတောင်းဆို
လိုက်ပါတယ်။”

ဒီသဘောထားအရ မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်
တခြား သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်း တွေနဲ့ ဆွေးနွေးပြောဆိုဖို့ ပိုပြီး အရေးကြီး
လာပါပြီလို့ အတွင်းရေးမှူးချုပ်က ယုံကြည်ပါတယ်တဲ့။

“အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အထိန်းသိမ်းခံထားရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် သက်ဆိုင်ရာ လူ ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးနဲ့ စစ်မှန်ပြီး အချိန်ကန့်သတ်ချက်ရှိတဲ့ ဆွေးနွေးပွဲတွေ
ကို နှောင့်နှေးမှုမရှိဘဲ စတင်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေအတွက် ပို အရေးကြီးလာ
ပါပြီ။”

ကုလသမဂ္ဂအနေနဲ့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု
နဲ့ ဒီလုပ်ငန်းစဉ်ကို ဆက်ပြီး ပံ့ပိုးသွားဖို့ အဆင်သင့်ပါပဲလို့လည်း ကုလသမဂ္ဂအတွင်း
ရေးမှူးချုပ်က ဆိုထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ အထူးအကြံပေးပုဂ္ဂိုလ်
မစ္စတာ အီဗရာဟင်မ် ဂမ်ဘာရီကို မြန်မာပြည် ချက်ခြင်းလာခွင့်ပြုဖို့ရာဟာ မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စအဖြစ် ဒီကြေညာချက် အပေါ် သူယူဆကြောင်းလည်း ဖော်ပြထားပါ
တယ်။

လောလောဆယ်မှာတော့ မစ္စတာဂမ်ဘာရီဟာ မြန်မာပြည်သွားခွင့်မရသေးဘဲ
ဖေဖော်ဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ တရုတ် ပြည်၊ ၂၅ ရက်နေ့မှာ စင်္ကာပူ
တို့ကိုသွားဖို့ စီစဉ်ထားပြီး အင်ဒိုနီးရှားနိုင်ငံကိုလည်း သွားရောက်ဖို့ရှိပေမယ့်
ရက်တော့ အတိအကျ မသတ်မှတ်ရသေးဘူးလို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆို
ခွင့်ရှိသူက ပြောခဲ့ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG