သုံးရလွယ်ကူစေသည့် Link များ

ဖိလစ်ပိုင်သမ္မတ အာရိုယို ရာထူးက နုတ်ထွက်ရန် မနီလာမြို့တော်တွင် လူပေါင်းထောင်ချီ ဆန္ဒပြ


ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတ အာရိုယိုကို အဂတိ လိုက်စားမှုရှိတယ်ဆိုပြီး ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဒီကနေ့ ဖိလစ်ပိုင်မြို့တော် မနီလာမြို့လယ်က ငွေကြေးဈေးကွက်ရှိရာ အရပ်မှာ စုဝေးပြုလုပ်ခဲ့ကြတာပါ။

ခန့်မှန်းချေ လူပေါင်း ၁၀,၀၀၀ လောက်ကို ဒီကနေ့ စုရုံးမိတာကြောင့် အဲဒီ မာကာတီ ခရိုင်တ၀ိုက်မှာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားပါတယ်။ ဆန္ဒပြသူတွေထဲမှာတော့ လက်ဝဲနိုင်ငံရေး လှုပ်ရှားသူတွေ ကျောင်းသားတွေနဲ့ ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဆက်စပ်တဲ့ ဘာသာရေး အုပ်စုတွေ ပါဝင်ကြပါတယ်။

တရုတ်ကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ရေးလုပ်ငန်း သဘောတူညီချက်မှုတစ်ခု လုပ်ရာမှာ မစ္စ အာရိုယိုရဲ့ ခင်ပွန်းဖြစ်သူနဲ့ အရင် ဖိလစ်ပိုင် ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲတို့က အမေရိကန်ဒေါ်လာ သန်း ၃၃၀ ဖိုး ဖြတ်စားလျှပ်စား လုပ်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ပေါ်ခဲ့တဲ့နောက် အခုလို ဆန္ဒပြမှုတွေ ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဒီ စွဲချက်တွေ ထွက်ပြီးနောက် သမ္မတ အာယိုရို ကတော့ ဒီသဘောတူညီချက်ကို ပယ်ဖျက်ခဲ့ပါတယ်။

ဒီ စုဝေးဆန္ဒပြမှုတွေကနေ ကွန်မြူနစ်သူပုန်တွေ သပ်လျှိုလာနိုင်တယ်လို့ အာဏာပိုင်တို့က ယူဆပြီး အခုအပတ် အစောပိုင်းက ဖိလစ်ပိုင်စစ်တပ်ကို အရေးပေါ် အခြေအနေ တပ်လှန့်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG