သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဆိုဗို လွတ်လပ်ရေး ကြေညာတော့မည်


ကိုဆိုဗို ဝန်ကြီးချုပ် ဟက်ရှင်မ် တာစီ (Hashim Thaci) က ဆားဗီးယားထံက လွတ်လပ်ရေး ကြေညာဖို့ ပါလီမန်လွှတ်တော် အထူး အစည်းအဝေးပွဲကို ဆင့်ခေါ်ထားပါပြီ။ ဥပဒေပြုအမတ်များက ဒီကနေ့ မွန်းလွဲပိုင်းမှာ လွတ်လပ်ရေး ကြေညာဖွယ် ရှိပါတယ်။ ဒီကနေ့ဟာ ငြိမ်းချမ်းမယ့် သမိုင်းဝင် နေ့တစ်နေ့ ဖြစ်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ကိုဆိုဗိုမြို့တော့ ဖရစ်စတီးနား အဓိက ရင်ပြင်ကနေ ကိုဆိုဗိုလူထုကို ဝန်ကြီးချုပ် ဟက်ရှင်မ် တာစီ မိန့်ခွန်းစကား ပြောကြားပါလိမ့်မယ်။ တန်ဇန်းနီးယားနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဘုရှ်က ဒေသတွင်း ဆူပူမှုများ မရှိစေဖို့အတွက် အမေရိကန်နိုင်ငံဟာ မဟာမိတ်နိုင်ငံများနဲ့ ဆက်လက်ပူးတွဲ လုပ်ဆောင်သွားမယ်လို့ ပြောဆိုရင်း -

“ကိုဆိုဗို အစိုးရက ကိုဆိုဗိုမှာရှိတဲ့ ဆားဗီးယားတွေရဲ့ အခွင့်အရေး ထောက်ခံဖို့ ဆန္ဒရှိကြောင်း ပြတ်ပြတ်သားသား ကြေညာတဲ့အတွက် လှိုက်လှိုက်လှဲလှဲ
ဝမ်းသာကြောင်း၊ ဆားဗီးယားနိုင်ငံအနေနဲ့ ဥရောပနဲ့အတူ ယှဉ်တွဲနေထိုင်ခြင်းက အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ကြောင်း၊” သမ္မတ ဘုရှ်က ပြောကြားခဲ့ပါတယ်။

ကိုဆိုဗိုမှာ အယ်လ်ဗေးနီးယားနွယ်ဖွား အများဆုံး နေထိုင်ကြပေမယ်လို့ အခုလို လွတ်လပ်ရေး ကြေညာမှာကို ဆားဗီးယားနိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG