သုံးရလွယ်ကူစေသည့် Link များ

ဦးတေဇကို အဓိကပစ်မှတ်ထားသော အမေရိကန်အစိုးရ၏ စီးပွားရေး ဒဏ်ခတ်အရေးယူမှု


ဖေဖော်ဝါရီ ၁၁၊ ၂၀၀၈ - မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ကျူးလွန်နေပြီး ဒီမိုကရေစီအခွင့်အရေးတွေကိုလည်း ဆက်ပြီး ဖိနှိပ်နေဆဲရှိသေးတာ ကြောင့် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတွေကို ထပ်ပြီး အရှိန်မြှင့်လိုက်ပါတယ်။ ဒီတကြိမ်မှာတော့ မြန်မာစစ်အစိုးရနဲ့ အဆက်အစပ် ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇကို အဓိကပစ်မှတ်ထားပြီး အရေးယူလိုက်တာပါ။ ဒီလို တိတိကျကျ ဦးတည်ချက်ထားပြီး ဒဏ်ခတ်အရေးယူတာမျိုး ဟာ လူထုကိုထိခိုက်မှုမရှိဘဲ ပစ်မှတ်ကို တိုက်ရိုက်ထိတဲ့ အရေးယူမှုမျိုးဖြစ်တယ်ဆိုပြီး ဒါကို ကြိုဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG