သုံးရလွယ်ကူစေသည့် Link များ

ပါကစ္စတန်ရွေးကောက်ပွဲဟာ အကြမ်းဖက်မှုအပေါ် အနိုင်ရခြင်းဖြစ်တယ်လို့ သမ္မတ ဘုရှ် က ပြော


ပါကစ္စတန်နိုင်ငံမှာ အခုကျင်းပနေတဲ့ ပါတီစုံရွေး ကောက်ပွဲတွေဟာ အကြမ်းဖက်ဆန့်ကျင်ရေး စစ်ပွဲအတွင်းမှာ အောင်မြင်မှု တခုပဲလို့ သူ မြင်တဲ့အကြောင်း အမေရိကန်သမ္မတဘုရှ်က ပြောလိုက်ပါတယ် ။

ပါကစ္စတန်အစိုးရသစ်အနေနဲ့ အမေရိကန်ပြည်ထောင် စုရဲ့ မဟာမိတ်အဖြစ် ဆက်ပြီးရှိနေမယ်လို့လည်း မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

သမ္မတဘုရှ်ဟာ အခုအာဖရိကခရီးစဉ်အတွင်း ဂါနာနိုင်ငံမှာ ဒီကနေ့ ရောက်နေပါတယ်။ အဲဒီမှာ သတင်းထောက်တွေနဲ့ သမ္မတဘုရှ်တို့ အမေးအဖြေ လုပ်တဲ့အခါ ပါကစ္စတန်သမ္မတ ပါဗက်ဇ် မူရှာရဖ် ရဲ့ပါတီရှုံးနိမ့်သွားတယ်ဆိုပေမဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကို ပါကစ္စတန်မှာ ကျင်းပပေးခဲ့တာကို အားရကျေနပ်တယ်လို့ သမ္မတဘုရှ်က ပြောလိုက်ပါတယ်။

ပါကစ္စတန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ အစွန်းရောက် အကြမ်းဖက်သမား တွေကို ချေမှုန်းရေးမှာ အခြေခံအားဖြင့် အကျိုးတူနိုင်ငံတွေဖြစ်တယ်လို့ သမ္မတဘုရှ်က ဆိုပါတယ်။ တနင်္လာနေ့တုန်းက အတိုက်အခံပါတီတွေက ရွေးကောက်ပွဲ တွေမှာ မဲအပြတ်အသတ်နဲ့ နိုင်သွားခဲ့ပေမဲ့ ပါကစ္စတန်သမ္မတ မူရှာရဖ်က ရာထူးကနေ အနားယူဖို့ မရှိဘူးလို့ ပြောခဲ့တာကို ဆောင်းပါးတပုဒ်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

ဒီရွေးကောက်ပွဲတွေဟာ ပါကစ္စတန်ကို စစ်ဖက်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရ ပေါ်ပေါက်လာအောင် ဖန်တီးမယ့်သဘော မြင်နေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG