သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနှင့် မက်ကိန်းတို့ ပဏာမရွေးကောက်ပွဲတွင် ဆက်လက်အနိုင်ရ


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ
သက်ဆိုင်ရာ ပါတီကိုယ်စားပြုခွင့် ရရှိရေး
အတွက် ပြည်နယ် ကနဦးရွေးချယ်ပွဲမှာ
အာရီဇိုးနားပြည်နယ် လွှတ်တော်အမတ်
ဂျွန်မက်ကိန်းနဲ့ အီလီနွိုင်းပြည်နယ် အထက်လွှတ်တော်အမတ် ဘားရက်
အိုဘားမားတို့က အနိုင်ရရှိကြပါတယ်။


ဝစ္စကွန်ဆင်ပြည်နယ်မှာ ၂၀% ဖြတ်ပြီး နိုင်
လိုက်တဲ့ ဂျွန်မက်ကိန်းဟာ သူ့ရဲ့ ပြိုင်ဘက် မိုက် ဟပ်ကာဘီကို ဝါရှင်တန်ပြည်နယ်မှာ
လည်း အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဝစ္စကွန်ဆင်မှာ အနိုင်ရလိုက်တဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဘားရက်
အိုဘားမားဟာ သူ့ရဲ့ ဇာတိ ဟာဝိုင်အီပြည်နယ်မှာလည်းပဲ နိုင်ထားတာကြောင့်
ပြိုင်ဘက် နယူးယောက်ပြည်နယ် အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်ကို
ပြည်နယ် ၁၀ ခုမှာ ဆက်တိုက်နိုင်လိုက်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG