သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ခ် တိုင်းမ်စကွဲအနီး ပေါက်ကွဲမှုတခုဖြစ်ပွား


အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့လယ်
ကောင်က လူစည်ကားတဲ့ တိုင်းမ်စကွဲ
ရပ်ကွက်မှာ မကြာခင် နာရီပိုင်းအတွင်းက
ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ မြို့တော်ရဲ့
လုံခြုံရေးရဲတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အဲဒီပေါက်ကွဲမှုကိစ္စကို စုံစမ်းဖော်ထုတ်ရေး လမ်းတွေကိုပိတ်ဆို့ပြီး စစ်ဆေးနေကြပါ
တယ်။

ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်း တိုင်းမ်
စကွဲဘူတာရုံကိုလာတဲ့ မြေအောက်ရထားတွေအားလုံးကို စစ်ဆေးမှုတွေ၊ ရပ်တန့်မှု
တွေ ရှိနေပါတယ်။

တိုင်းမ်စကွဲရပ်ကွက်မှာရှိတဲ့ စစ်သားစုဆောင်းရေးရုံးရှေ့မှာ ရဲတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ စုရုံးရောက်ရှိနေပါတယ်။ ထိခိုက်မှုတွေနဲ့ပတ်သက်လို့တော့ ဘာသတင်းမှ ထွက်မလာ
သေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG