သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲအပေါ် လေ့လာစောင့်ကြည့်နိုင်ရေး ကုလသမဂ္ဂအဆိုပြုချက် စစ်အစိုးရ ငြင်းပယ်


မေလအတွင်း ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အချိန်မှာ သီးခြားလွတ်လပ်တဲ့ လေ့လာ စောင့်ကြည့်မှုတွေကို ခွင့်ပြုဘို့ ကုလသမဂ္ဂက အဆိုပြုတာကို မြန်မာစစ်အစိုးရ ပယ်ချလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီက စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာ ဒီလို ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လေ့လာစောင့်ကြည့်နိုင်ရေး မစ္စတာ ဂမ်ဘာရီဘက်က အဆိုပြုခဲ့တာဖြစ်ပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ မနေ့က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်လ်ဒီအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိတ်တန်းခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်ကနေ အစိုးရဧည့်ဂေဟာကို ကားနဲ့ ခေါ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီ အစိုးရ ဧည့်ဂေဟာမှာပဲ မစ္စတာ ဂမ်ဘာရီဟာ ဒီ ခရီးစဉ်အတွင်း အစည်းအဝေးအတော်များများ ကျင်းပခဲ့ပါတယ်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပိတ်ပင်ထားတဲ့ အခြေခံဥပဒေမူကြမ်းကိုလည်း ပြင်ဆင်ပေးဘို့ ငြင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG