သုံးရလွယ်ကူစေသည့် Link များ

ပါကစ္စတန် အတိုက်အခံအဖွဲ့များ ညွန့်ပေါင်းအစိုးရ ဖွဲ့ရေး သဘောတူ


ပါကစ္စတန်က အဓိက ပါတီကြီး နှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကို သဘောတူလိုက်ကြပြီး ပြီးခဲ့တဲ့လ ပါလီမန် ရွေးကောက်ပွဲမှာ အဲဒီ နှစ်ပါတီရဲ့ အနိုင်ရအောင်မြင်မှု နောက်ဆက်တွဲ လုပ်ငန်းရပ်ကို အကောင်အထည် ဖော်လိုက်ကြပြီ ဖြစ်ပါတယ်။ ပါကစ္စတန် ပြည်သူ့ ပါတီ PPPရဲ့ ခေါင်းဆောင် အာဆစ်ဖ်အလီ ဇာဒါရီနဲ့ ပါကစ္စတန် မူဆလင် အဖွဲ့ချုပ် နာဝက်ပါတီ ခေါင်းဆောင် နာဝက် ရှရစ်တို့ အခုလိုမျိုး ညွန့်ပေါင်း အစိုးရ ဖွဲ့ကြဖို့ သဘောတူညီချက်ကို ဒီနေ့ မြို့တော် အစ္စလာမ် မဗတ်အနီးမှာ တွေ့ဆုံဆွေးနွေးမှု အပြီးမှာ ကြေညာကြတာ ဖြစ်ပါတယ်။

ပါကစ္စတန် ပြည်သူ့ပါတီ ခေါင်းဆောင် မစ္စတာ ဇာဒါရီဟာ လုပ်ကြံခံရလို့ ကွယ်လွန်သူ ၀န်ကြီးချုပ် ဘနာဇီယာ ဘူတိုရဲ့ ခင်ပွန်းဖြစ်ပါတယ်။ မစ္စတာ ရှရစ်ကတော့ ၁၉၉၉နှစ်မှာ ဗိုလ်ချုပ်ကြီး မူရှာရက်က အာဏာသိမ်း ဖြုတ်ချခဲ့လို့ ပြုတ်ကျခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲ ရလာဒ်အရ ဖြစ်ပေါ်လာမယ့် အစိုးရကို ငြိမ်းငြိမ်းချမ်းချမ်းရှိနေသ၍ ကာလပတ်လုံး အပြည့်အ၀ထောက်ခံမှု ပေးမယ်လို့ သမ္မတ မူရှာရက် သောကြာနေ့က ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG