သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ၏အကြံပြုချက်များ စစ်အစိုးရပယ်ချသည့်အတွက် အမေရိကန်စိတ်ပျက်


စစ်အစိုးရက မေလလုပ်မယ့် ဖွဲ့စည်းပုံဆန္ဒ
ခံယူပွဲအတွက် နိုင်ငံတကာ လေ့လာ
စောင့်ကြည့်ရေးအဖွဲ့တွေ ထားဖို့ဆိုတဲ့ ကုလ
သမဂ္ဂဘက်က အဆိုပြုချက်ကို စစ်အစိုးရက ပယ်ချလိုက်တာကြောင့် နိုင်ငံတကာအစိုးရ
ပိုင်းတွေ၊ သံတမန်အသိုင်းအဝိုင်းတွေအကြား
မှာ ရုတ်ရုတ်သဲသဲ ပြောကြဆိုကြရတဲ့အခြေ ရောက်လာပါတယ်။

ဒါပေမယ့် ဒီ နိုင်ငံတကာ လေ့လာစောင့်ကြည့် ရေးဆိုတဲ့ကိစ္စအပြင် အရေးကြီးတဲ့အချက်ကတော့ ဆန္ဒခံယူပွဲဆိုင်ရာ စစ်အစိုးရက
ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တယ်လို့ ရန်ကုန် အမေရိကန်သံရုံး ယာယီတာဝန်ခံက
ပြောလိုက်ပါတယ်။ ယုံကြည်စိတ်ချရပြီး လွတ်လပ်မျှတမှုရှိတဲ့ ဆန္ဒခံယူပွဲ ဟုတ်
မဟုတ်ဆိုတာဟာ အဲဒီဥပဒေပေါ်မှာ မူတည်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။
အကြောင်းစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အခုလာမယ့် စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း (Ban ki-moon) ရဲ့ အကြံပြုချက်တွေထဲမှာ ဆန္ဒခံယူပွဲအတွက် နိုင်ငံတကာ
ရဲ့ စောင့်ကြည့်လေ့လာမှုလိုမယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါပေ
မယ့် ရန်ကုန်ကိုရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
အထူးသံတမန် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီကို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့
ကရော၊ ဆန္ဒခံယူပွဲကော်မရှင် တာဝန်ရှိသူတွေကပါ ဒီအကြံပြုချက်တွေက မလိုအပ်ဘူး
ဆိုပြီး တုံ့ပြန်ပြောခဲ့ကြပါတယ်။

ရန်ကုန် အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စဗယ်လာရိုစာ (Miss Villarosa) ကတော့
ဒီ့အတွက် သူ့အနေနဲ့ စိတ်ပျက်မိတယ်လို့ အခုလိုပြောပါတယ်။

“စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရမှု ဖြစ်လာအောင် ကုလသမဂ္ဂ
ဘက်က အကြံပြုချက်တွေအပေါ် မြန်မာအစိုးရက စိတ်ဝင်စားမှု မရှိတဲ့အပေါ် စိတ်ပျက်
မိပါတယ်။”

ဆန္ဒခံယူပွဲကို နိုင်ငံတကာက စောင့်ကြည့်မှုရှိဖို့ လိုမယ်ဆိုတာကို စစ်အစိုးရက လက်
မခံဘူးဆိုတဲ့ အကြောင်းထက်ပိုတဲ့ တခြားအရေးပါတဲ့အချက်တွေလည်း ရှိတယ်လို့ မစ္စဗယ်လာရိုစာက ထောက်ပြပါတယ်။ ဒါကတော့ ဆန္ဒခံယူပွဲဥပဒေ ကိစ္စပါပဲ။

“ဆန္ဒခံယူပွဲကို လေ့လာရုံတင်မဟုတ်ပါဘူး။ လွတ်လပ်ပြီး မျှတတဲ့ ဆန္ဒခံယူပွဲတွေ
ဖြစ်လာဖို့ အကြောင်းအတော်များများကို သူတို့ အကြံပေးခဲ့တာပါ။ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ကိစ္စကလည်း အရေးပါသလိုပဲ ဒီဆန္ဒခံယူပွဲ ဥပဒေကြောင့် ဖွဲ့စည်း
ပုံမှာ အဆိုးအကောင်း ဘာတွေရှိမလဲဆိုတဲ့ကိစ္စကို ဆွေးနွေးနိုင်ကြဖို့ အတော်လေးကို ထိခိုက်မှုရှိလာနိုင်စေတယ်ဆိုတဲ့ အချက်ကလည်း စဉ်းစားစရာပါ။ အထူးသဖြင့် ဝေဖန် ဆွေးနွေးမှုတွေကို ရာဇဝတ်သင့်တယ်ဆိုပြီး ဥပဒေက ပြဋ္ဌာန်းထားတဲ့အချက်ပါ။
ဒီဥပဒေဟာ ဒီလိုမျိုး ဆွေးနွေးဝေဖန်တာကို တားမြစ်ထားပါတယ်။

“တကယ်တမ်းဆိုရင် သတင်းလွတ်လပ်ခွင့်တွေ၊ အဆိုးအကောင်း လူတွေသိနိုင်အောင်
လို့ ပြောနိုင်ဆိုနိုင်ခွင့်တွေရှိဖို့ လိုပါတယ်။ လွတ်လပ်ပြီး မျှတတဲ့ ဆန္ဒခံယူပွဲဆိုတဲ့ ယုံကြည်စိတ်ချမှုတွေ ဖြစ်လာအောင်ဆိုရင် နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း ကိုက်ညီဖို့
လိုပါတယ်။ ဒီတော့ ပြဿနာက အခုလာမယ့် ဆန္ဒခံယူပွဲကို နိုင်ငံတကာက စောင့်
ကြည့်ဖို့ ကိစ္စထက်ကို ပိုပါတယ်” လို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စဗယ်လာ
ရိုစာက ပြောခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဂမ်ဘာရီ
ဟာ မြန်မာနိုင်ငံကို ရောက်ပြီးပြီးချင်း ကြာသပတေးနေ့မှာ ရန်ကုန်က သံတမန်တွေနဲ့
ကနဦး တွေ့ဆုံပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း နောက်ထပ်တကြိမ် တွေ့ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံစဉ်မှာ အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စဗယ်လာရိုစာလည်း ပါဝင်
တယ်ဆိုတော့ ဒီအစည်းအဝေးရဲ့ ထူးခြားမှုတွေကို မေးကြည့်ပါတယ်။

“ကြာသပတေးနေ့ တွေ့တုန်းကတော့ မြန်မာနိုင်ငံမှာ အခုလက်ရှိဖြစ်နေတဲ့ အခြေ
အနေတွေနဲ့ပတ်သက်ပြီး မစ္စတာဂမ်ဘာရီက သူတို့ကိုရှင်းပြကြဖို့ မေတ္တာရပ်ခံပါတယ်။
ဒီတော့ သူတို့ဘက်ကလည်း ပြန်ပြောကြပါတယ်။ ဒီနေ့တွေ့တဲ့ရည်ရွယ်ချက်ကတော့ မစ္စတာဂမ်ဘာရီရဲ့ အခုခရီးစဉ်အတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေရဲ့ရလဒ်ကို မေးဖို့
ပါ။ ဒါပေမယ့် သူ့အနေနဲ့လည်း အသေးစိတ်ကိုပဲ အနည်းအကျဉ်း ပြောနိုင်ပါတယ်။
တကယ်တော့ စနေနေ့ မြန်မာ့အလင်းသတင်းစာမှာပါတဲ့ စစ်အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့က မစ္စတာဂမ်ဘာရီကို အတော်လေး ရှည်ရှည်လျားလျား ပြောဆိုခဲ့
တာကိုလည်း ဖတ်ထားပြီးပါပြီ။ ဒီပြောဆိုချက်တွေအရဆိုရင်တော့ မကောင်းတဲ့အလား
အလာမှာ ရှိပါတယ်” လို့ မစ္စဗယ်လာရိုစာက ပြောခဲ့ပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်တွေနဲ့ပတ်သက်လို့ ဘယ်လောက်အောင်မြင်မှုရှိမရှိ သုံးသပ်
ချက်ကိုတော့ မစ္စဗယ်လာရိုစာက ပြောဖို့စောသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မစ္စတာဂမ်ဘာရီအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ဘယ်လိုမျိုး အစီရင်ခံမလဲ
ဆိုတာ သူတို့လည်း စောင့်ကြည့်သွားမယ်လို့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG