သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အခြေအနေ ကမ္ဘာကပိုသိအောင် မိုင် ၃,၀၀၀ ကျော် ချီတက်ခြင်း


လူထုဆန္ဒခံယူပွဲအတွက် မြန်မာစစ်အစိုးရက ပြင်ဆင်မှုတွေလုပ်နေပေမယ့် မြန်မာအစိုးရ
ကို ကန့်ကွက်ဆန့်ကျင်ကြသူ တချို့ကတော့ မိုင်ပေါင်းများစွာ ဖြတ်ကျော်ပြီး ချီတက်ဆန္ဒ
ပြနေကြပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်မှု
ဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ဒုက္ခကို
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိုပြီး အရေးယူဆောင်ရွက်လာစေဖို့ ရည်ရွယ်ချက်
နဲ့ အမေရိကန်ပြည်ထောင်စုကိုဖြတ်သန်းပြီး ပစိဖိတ်သမုဒ္ဒရာကမ်းခြေကနေ အတ္တလန္တိတ် သမုဒ္ဒရာကမ်းခြေအထိ ခြေလျင်ခရီး လျှောက်နေကြပါတယ်။ အကြောင်းစုံကို မအေးသန္တာကျော်က တင်ပြပေးထားပါ
တယ်။

၈၈ စစ်ကြောင်းဆိုတဲ့ ဒီခရီးရှည်ကို စတင် ချီတက်လာသူတွေကတော့ ကိုအေသင်နဲ့ ကိုဇော်မင်းထွေးတို့ ဖြစ်ပါတယ်။ သူတို့ခရီး
စဉ်အကြောင်းကို ကိုအေသင်က အခုလို ရှင်းပြပေးပါတယ်။

“ကျနော်တို့ချီတက်နေတာ အမေရိကန် အော်ရီဂွန်ပြည်နယ်ကနေ အနောက်ဘက်ခြမ်း
ကနေ အရှေ့ဘက်ခြမ်း နယူးယောက်ခ် လုံခြုံရေးကောင်စီအထိ ချီတက်နေတာပါ။
မိုင်ပေါင်း ၃,၁၂၇ မိုင်ဝေးပါတယ်။ နှိပ်စက်၊ ဖမ်းဆီး၊ တားဆီးပိတ်ပင်ထားလို့ မရဘူး
ဆိုတဲ့ဟာကို ကမ္ဘာကြီးသိအောင် မိုင်ပေါင်း ၃,၀၀၀ ကျော်ချီတက်ပြီး ကျနော်တို့ စိတ်ဓာတ်အင်အားကို ပြသတာဖြစ်ပါတယ်။ ကျနော်တို့က ဆီးနှင်းတွေ၊ မုန်တိုင်းတွေ၊
ကန္တာရတွေကို ဖြတ်လျှောက်ရမှာဖြစ်ပါတယ်။ အော်ရီဂွန်ပြည်နယ်က ၄၈၀ မိုင်ဝေးတဲ့
အတွက် အခုဖြတ်သန်းနေတဲ့နေရာမှာ ကျောက်တန်းတွေချည်းပဲ၊ အိပ်စရာနေရာ
မရှိပါဘူး။ အခက်အခဲ ရာသီဥတု အရမ်းဆိုးပါတယ်။ ရှေ့မှာလည်း နှင်းတောတွေ၊ မုန်တိုင်းတွေပဲရှိပါတယ်။ ဒါကြောင့် ကျနော်တို့ယုံကြည်ချက်နဲ့ ခိုင်ခိုင်မာမာဖြတ်သွားပြီး ချီတက်နေတာဖြစ်ပါတယ်။”

အခု ဒီချီတက်မှု ခရီးရှည်ကြီးကို ကိုအေသင်တို့နှစ်ယောက်နဲ့ စတယ်ဆိုတော့ လမ်းခရီး
တလျှောက် ပြည်နယ်တွေကို ဖြတ်ကျော်တဲ့အခါမှာရော ပိုပြီး အင်အားတွေတိုးလာဖို့ အကြောင်းကြားစာတွေ ရပါသလား။

“ရပါတယ်။ မနေ့ညကပဲ မက်ဆေ့ချ်ဝင်တဲ့အချိန်မှာ အင်ဒီယားနားမှာရှိတဲ့ ကျနော်တို့ ရဲဘော်တွေအားလုံးက အင်ဒီယားနားကိုဝင်တာနဲ့ ကြိုဆိုရေးစခန်းတွေဖွင့်ပြီး ထိုက်ထိုက်တန်တန်ဂုဏ်ပြုပြီး သူတို့ကိုယ်တိုင် ပါဝင်ဆင်နွှဲဖို့ ပြင်ဆင်ထားကြပါတယ်။ သပိတ်စခန်းတွေဖွင့်ပြီး လှုပ်ရှားဖို့လည်း ဖြစ်ပါတယ်။”

ကိုအေသင်နဲ့ ကိုဇော်မင်းထွေးတို့ဟာ မတ်လ ၁ ရက်နေ့က ခရီးစတင်ခဲ့ကြတာဖြစ်ပြီး အခုအချိန်အထိ မိုင် ၂၀၀ ကျော် ခရီးပေါက်ခဲ့ကြပြီဖြစ်ပါတယ်။ အမေရိကန် အရှေ့
ဘက်ခြမ်း နယူးယောက်ခ်မြို့ ကုလသမဂ္ဂဌာနချုပ်ရှေ့ကို ၂၀၀၈ ခုနှစ် သြဂုတ်လ ၈ ရက်
နေ့အရောက် ရည်ရွယ်ပြီး ချီတက်လာကြတာ ဖြစ်ပါတယ်။

သူတို့ခရီးစဉ်ကိုထောက်ခံပြီး စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ကမ္ဘာကသိအောင် တင်ပြတဲ့
နေရာမှာ ပါဝင်လက်မှတ်ရေးထိုးချင်ကြတယ်ဆိုရင် အင်တာနက်စာမျက်နှာ www.88portland.wordpress.com မှာ ရေးထိုးနိုင်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG