သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်တပ် အရှေ့အလယ်ပိုင်းဒေသ စစ်ဦးစီးချုပ် ရာထူးကနုတ်ထွက်


အမေရိကန်စစ်တပ် အရှေ့အလယ်ပိုင်းဒေသ
မှာရှိတဲ့ စစ်ဌာနချုပ်က စစ်ဦးစီးချုပ် ရေတပ်
ဗိုလ်ချုပ်ကြီး ဝီလျံ ဖယ်လွန် (William Fallon)
ဟာ ဒီလကုန်မှာ ရာထူးက နုတ်ထွက်မှာ
ဖြစ်တဲ့အကြောင်း အမေရိကန် ကာကွယ်ရေး
ဝန်ကြီး ရောဘတ်ဂိတ်စ် (Robert Gates) က
ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ဝီလျံ ဖယ်လွန်နဲ့ သမ္မတဘုရှ်တို့
အကြား အီရန်နဲ့ပတ်သက်တဲ့ မူဝါဒအပေါ် သဘောထားကွဲလွဲချက်တွေ ရှိနေတယ်ဆိုတဲ့
သတင်းတွေ ပေါ်ထွက်နေတဲ့အချိန်မှာ
ဗိုလ်ချုပ်ကြီး ဝီလျံ ဖယ်လွန် နုတ်ထွက်တဲ့
သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဖယ်လွန်က ရာထူးကအနားယူခွင့် တောင်းခံခဲ့ပြီး ဒီလို တောင်းခံတာကို
သူ့အနေနဲ့ သဘောတူလက်ခံလိုက်တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး ရောဘတ်
ဂိတ်စ်က သတင်းထောက်တွေကို ပြောပါတယ်။ အီရန်နိုင်ငံအရေးနဲ့ပတ်သက်လို့
သမ္မတဘုရှ်နဲ့ ဗိုလ်ချုပ်ကြီးဖယ်လွန်တို့ကြားမှာ ထူးထူးခြားခြား သဘောကွဲလွဲမှု မရှိပါ
ဘူးလို့လည်း ရောဘတ်ဂိတ်စ်က ပြောပါတယ်။

အီရန်နိုင်ငံအရေးနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးဖယ်လွန်ဟာ သမ္မတဘုရှ်ရဲ့ မူဝါဒတွေကို ဆန့်ကျင်သူအဖြစ် မကြာသေးခင်တုန်းကပဲ အက်စ်ကွိုင်းယား (Esquire) မဂ္ဂဇင်းက ရေးသားခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီးယားစီမံချက် ရပ်ဆိုင်းရေးအတွက် စစ်ရေးအရ
ဟန့်တားတာမျိုး လုပ်နိုင်ခြေကို ဗိုလ်ချုပ်ကြီးဖယ်လွန်က သဘောမတူဘူးဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

အခုလို ဗိုလ်ချုပ်ကြီးဖယ်လွန် နုတ်ထွက်တာဟာ သမ္မတဘုရှ်အစိုးရက အီရန်နဲ့ စစ်ဖြစ်
ဖို့ ပြင်ဆင်နေတယ်ဆိုတာ အချက်ပေးလိုက်တာဆိုတဲ့ ပြောဆိုချက်တွေဟာ ယုတ္တိမရှိ
တဲ့အကြောင်း ရောဘတ်ဂိတ်စ်က ပြောဆိုပါတယ်။

သမ္မတ အိမ်ဖြူတော်က အင်္ဂါနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေတပ်ဗိုလ်ချုပ်ကြီး
ဖယ်လွန်ဟာ တိုင်းပြည်အတွက် ထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဖော်ပြ
ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG