သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ်စစ္စပီပြည်နယ် ပဏာမရွေးကောက်ပွဲ အိုဘားမား အနိုင်ရ


မစ်စစ္စပီပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပတဲ့ ဒီမိုကရက်
ပါတီရဲ့ သမ္မတလောင်း အကြိုရွေးကောက်ပွဲမှာ ဘားရက် အိုဘားမားက ဟီလာရီ ကလင်တန်ကို အနိုင်ရသွားပါ
တယ်။ အီလီနွိုင်းပြည်နယ်က အထက်လွှတ်တော်အမတ် အိုဘားမားဟာ၊ နယူးယောက်ပြည်နယ်က အထက်
လွှတ်တော်အမတ် ကလင်တန်ထက် အခုထက်ထိ သာနေ
တုန်းပဲဖြစ်ပြီး ရှေ့လထဲမှာတော့ သူတို့နှစ်ဦးဟာ ပါတီကိုယ်စားမဲအရေအတွက် အများ
အပြားရှိတဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ် အကြိုရွေးကောက်ပွဲမှာ ဆက်ပြီး ယှဉ်ပြိုင်
ကြရဦးမှာဖြစ်ပါတယ်။

မစ်စစ္စပီပြည်နယ်က ကိုယ်စားလှယ် ၃၃ ဦးရှိတဲ့အထဲက အိုဘားမားဟာ မဲ ၁၇ မဲထက်
မနည်း ရခဲ့ပါတယ်လို့ တွက်ကြပါတယ်။ ပြည်နယ်မဲအရေအတွက်မှာတော့ အိုဗားမားက
၆၀% ရပြီး ကလင်တန်က ၃၉% ရပါတယ်။

ဒီမိုကရက်ပါတီအနေနဲ့ ရီပတ်ဘလီကန်ပါတီက ဂျွန်မက်ကိန်းကို နိုင်နိုင်ပါလိမ့်မယ်လို့
အင်္ဂါနေ့က CNN ရုပ်သံ လူတွေ့ မေးမြန်းခန်းမှာ အိုဘားမားက ဖြေကြားသွားပါတယ်။
အိုဘားမားက ဂျွန်မက်ကိန်းဟာ သမ္မတဘုရှ်ရဲ့ မူဝါဒတွေအတိုင်းဆက်လုပ်သွားမယ်လို့ ပြောသွားပါတယ်။ ရှေ့လ ၂၂ ရက် ပန်ဆယ်လ်ဗေးနီးယားပြည်နယ် အကြိုရွေးကောက်
ပွဲဟာ ပါတီကိုယ်စားလှယ်မဲ ၁၅၀ ကျော်ရှိတာမို့ ပြိုင်ဖက်နှစ်ဦးအတွက် သိပ်ကို အရေး
ပါတဲ့ ပြည်နယ်တနယ် ဖြစ်နေပါတယ်။ မကြာခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ
ဆိုရင်တော့ အဲဒီပြည်နယ်မှာ ကလင်တန်ကို ပိုပြီး လူကြိုက်များတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG