သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူဂျင်တောင်းကို သမ္မတအဖြစ် ဒုတိယသက်တမ်း ပြန်လည်ရွေးချယ်


တရုတ်ပြည်သူ့ပါတီက ကွန်မြူနစ်ပါတီ အကြီးအကဲ ဟူဂျင်တောင်းကို နောက်ထပ် ၅ နှစ်ထမ်းဆောင်ဖို့ တခဲနက် ထောက်ခံမဲပေး ရွေးကောက်တင်မြှောက် လိုက်ကြပါတယ်။ ဒီကနေ့ တရုတ် အမျိုးသား ပြည်သူ့ လွှတ်တော်ထဲမှာ အဲဒီလို ထောက်ခံမဲ ပေးကြမယ်ဆိုတာ အားလုံးက တွက်ပြီးသား သိပြီးသားဖြစ်တယ်၊ ဒီပြည်သူ့လွှတ်တော် ဆိုတာဟာလည်းပဲ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရုပ်ပြမျှသာဖြစ်တယ်လို့ သတင်းများမှာ ရှင်းလင်းဖော်ပြပါတယ်။

(၁၁) ကြိမ်မြောက် တရုတ်ပြည်သူ့လွှတ်တော် အစည်းအဝေးက ကျီဇင်ကွင်းကို ဒုတိယ သမ္မတအဖြစ်နဲ့ ဝူဘန်ကြိုကို လွှတ်တော် ဦးစီးကော်မတီ ဥက္ကဌအဖြစ် ရွေးကောင် တင်မြှောက်လိုက်ပါတယ်၊ သူတို့နှစ်ယောက်စလုံးဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ပေါလစ်ဗျူရိုများ ဖြစ်ကြပါတယ်။

ဒုတိယသမ္မတ ကျီ ဟာ သမ္မတ ဟူဂျင်းတောင်ရဲ့အရိုက်အရာကို ဆက်ခံမယ့်သူ ဖြစ်တယ်လို့ အများက ရှုမြင်နေကြပြီး ၈ ရက် ၈လ ဘေဂျင်း အိုလံပစ်ပွဲတော် ကွပ်ကဲရေး ကော်မတီကို ဦးဆောင်သူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG