သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတနဲ့တွေ့ဆုံဖို့ ဒလိုင်းလားမားဘက်က အဆင်သင့်ရှိ


ပြည်ပရောက် တိဘက်ခေါင်းဆောင် ဘုန်းတော်
ကြီး ဒလိုင်းလားမား (Dalai Lama) က တိဘက်
အရေးအခင်းနဲ့ပတ်သက်ပြီး တရုတ်သမ္မတ
ဟူဂျင်တောင်း (Hu Jintao) နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ဒီနေ့ပဲ ပြောလိုက်ပါတယ်။
တရုတ်ဘက်ကသာ ခွင့်ပြုမယ်ဆိုရင် ခိုင်မာတဲ့ တိုးတက်မှုတခုကို ပြသတဲ့အနေနဲ့ တိဘက် အနာဂတ်အကြောင်း ဆွေးနွေးကြမယ်လို့ ဆိုပါ
တယ်။

ဒါပေမယ့် လက်တွေ့အခြေအနေမှာတော့ ဘုန်းတော်ကြီး ဒလိုင်းလားမားက တရုတ်
ပြည်ကိုသွားဖို့ မရနိုင်ဘဲဖြစ်နေတဲ့ အခြေအနေမျိုးပါ။ ဘုန်းတော်ကြီးဟာ အခု အိန္ဒိယ နိုင်ငံမြောက်ပိုင်း ဒရမ်ဆလာမြို့မှာ အခြေစိုက်ပြီး ပြည်ပရောက် တိဘက်အစိုးရကို ဖွဲ့စည်းထားပါတယ်။ တရုတ်အစိုးရကတော့ တိဘက်မြို့တော် လာဆာမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားက စီစဉ်တယ်လို့ ပြောဆိုထားပါတယ်။

သောကြာနေ့ကဖြစ်ပွားခဲ့တဲ့ တိဘက်က အကြမ်းဖက်ဆန့်ကျင်မှုတွေနဲ့ ဆက်နွယ်သူ တော်တော်များများကိုလည်း ဖမ်းဆီးထားတယ်လို့ တရုတ်သတင်းမီဒီယာတွေမှာ
ဖော်ပြနေပါတယ်။ တရုတ်အုပ်စိုးမှုကိုဆန့်ကျင်တဲ့ တိဘက်လှုပ်ရှားမှုတွေဟာ တိဘက်
ဒေသတင်မက တခြားပြည်နယ်တွေကိုပါ ပျံ့နှံ့ဖြစ်ပွားနေတာလည်း သေချာပါတယ်လို့ တရုတ်သတင်းတွေက ပထမဆုံးအကြိမ်အဖြစ် အတည်ပြုချက် ပေးလာနေပါပြီ။

တိဘက်ပြည်နယ်လုံခြုံရေးအတွက် အန္တရာယ်ရှိလို့ဆိုပြီး ဖမ်းဆီးထားတဲ့သူ
၂၄ ယောက်ရှိတယ်လို့ ဒီနေ့ထုတ် တိဘက်ဒေးလီးသတင်းစာမှာ ဖော်ပြထားပါတယ်။ တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ထပ်ပြီးမပြန့်ပွားရေးအတွက် တရုတ်စစ်တပ်နဲ့
ရဲတပ်ဖွဲ့ဝင်တွေဟာ တိဘက်ဒေသအတွင်း လုံခြုံရေးကို အထူးတင်းကျပ်ထားပါတယ်။ ဇီချွမ်ပြည်နယ်မှာ ဒီနေ့ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း ဈေးဆိုင်တွေနဲ့ အစိုးရရုံးတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ကတော့ တရုတ်အာဏာပိုင်တွေဟာ တိဘက်ဒေသ
အတွင်း အခြေအနေတွေကို နိုင်ငံခြားသတင်းထောက်တွေ လာပြီးသတင်းမယူနိုင်
အောင် ကာကွယ်တားမြစ်တဲ့နည်းတွေကို သုံးစွဲနေတယ်လို့ ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG