သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားကို သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံဖို့ နယူးမက္ကဆီကို ပြည်နည် အုပ်ချုပ်ရေးမှူး ပြင်ဆင်


အမေရိကန် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်အရွေးခံ နေရာကနေ နုတ်ထွက်သွားခဲ့တဲ့ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဘေလ် ရစ်ချက်ဆင်န် က ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာနိုင်ချေအဖြစ် ရေပန်းစားနေတဲ့ အထက်လွှတ်တော် အမတ် ဘားရက် အိုဗားမားကို ထောက်ခံကြောင်း ကျေညာဖို့ ပြင်ဆင်နေပါတယ်။

အော်ရီဂွန်ပြည်နယ် ပေါ်တလွန်မြို့က ဒီကနေ့ ပြုလုပ်မယ့် မဲဆွယ်စည်းရုံးမှု လူထု စည်းဝေးပွဲမှာ ရစ်ချက်ဆင်န် နဲ့ အိုဗားမားတို့ကို အတူ တွေ့ကြရမှာဖြစ်တယ်လို့ သတင်းဌာနတွေကို အိုဗားမား အောင်နိုင်ရေးအဖွဲ့ရဲ့ တာဝန် ရှိသူတွေက ပြောကြားလိုက်ပါတယ်။

အိုဗားမားဟာ အမေရိကန်ပြည်ထောင်စုကို တစုတစည်းတည်း ညီညွတ်အောင် စွမ်းဆောင်နိုင်တဲ့ ခေါင်းဆောင်အမျိုးအစားထဲမှာ တစ်ဦး အပါအဝင် ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ တစ်ဦးတည်းသော စပိန်စကားပြောမျိုးဆက် ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ချက်ဆင်န် ရဲ့ ကျေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မစ္စတာ ရစ်ချက်ဆင်န် ဟာ သမ္မတ ဘီကလင်တန် လက်ထက်မှာ စွမ်းအင်ဝန်ကြီး ဖြစ်ခဲ့ဖူးပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်လည်း ဖြစ်ခဲ့ပါတယ်။

စစ်တမ်းကောက်ချက်တွေအရ အမေရိကမှာရှိတဲ့ စပိန်စကားပြော မျိုးဆက် အမေရိကန် နိုင်ငံသားတွေက အိုဗားမားရဲ့ ပြိုင်ဖက် နယူးယောက်ခ် အထက်လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန်ကို ပိုပြီး ထောက်ခံအားပေးကြတာကို ညွှန်ပြနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG