သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်နယ်မြေကို တရုတ် တပ်ဖွဲ့တွေ အများအပြား စေလွှတ်နေ


တရုတ်အစိုးရက တိဘက် ဆန္ဒပြသူတွေကို နှိပ်ကွပ်နေချိန်မှာ တိဘက်လူမျိုး အများအပြား ထူထပ်စွာနေထိုင်တဲ့နေရာတွေမှာ တရုတ်တပ်တွေ အများအပြား တိုးချဲ့ချနေတဲ့အကြောင်း မျက်မြင်သက်သေတွေနဲ့ နိုင်ငံခြား သတင်းမီဒီယာတွေက သတင်းပေးပို့လာပါတယ်။

ကားလမ်းက ရာနဲ့ချီတဲ့ တရုတ်တပ်တွေ ပါတဲ့ယာဉ်တန်းတွေ မီးရထားလမ်းက လာတဲ့ တရုတ်တပ်တွေဟာ တိဘက်နယ်မြေအတွင်းကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့တွေက ဝင်ရောက် လာတာကို မြင်တွေ့ရတဲ့အကြောင်း နိုင်ငံခြား သတင်းမီဒီယာတွေက ဖေါ်ပြပါတယ်။

ဆန္ဒပြပွဲတွေ မရှိဘူးလို့ သိရတဲ့ ယူနန်ပြည်နယ်အပါအဝင် တိဘက်နဲ့ ဆက်စပ်နေတဲ့ တရုတ်ပြည်နယ်တွေမှာ တပ်တွေ တိုးချဲ့ချထားပြီး ကားလမ်းတွေကို ပိတ်ဆို့ထားတဲ့အကြောင်း မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။

လာဆာ (Lhasa) မြို့တော်မှာတော့ တရုပ်အာဏာပိုင်တွေဟာ နောက်ဆုံးလက်ကျန် နိုင်ငံခြားသတင်းထောက် ဖြစ်တဲ့ ဂျာမန်သတင်းထောက် ဂျော့ရှ် ဘလုမ်း (George Blume) ကို လာဆာမြို့ကနေ ထွက်ခွာခိုင်းခဲ့ပါတယ်။

လာဆာမြို့မှာတော့ ထောင်နဲ့ချီတဲ့ တရုတ် လုံခြုံရေးတပ်တွေဟာ တအိမ်တက်ဆင်းရှာဖွေတာတွေ လုပ်နေတယ်လို့ ဂျော့ရှ် ဘလုမ်း က သတင်းပေးပို့ပါတယ်။

ဆန္ဒပြပွဲတွေ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေကနေ အနီးအနားဒေသတွေကို ပျံနှံသွားပြီဖြစ်တဲ့အကြောင်း တရုတ်အစိုးရက ကြာသာပတေးနေ့မှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရ ဆင်ြဝာ သတင်းအေဂျင်စီက ဆီချွမ်းပြည်နယ် တိဘက်ဒေသမှာ ဒီသတင်းပတ် စောစောပိုင်းက ဆန္ဒပြသူ လေးယောက်ကို တရုတ်ရဲတွေက ကိုယ့်ကိုကိုယ် ခုခံတဲ့အနေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လေးဦးစလုံး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG