သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှား အုပ်ချုပ်မှုပုံစံ စစ်အစိုးရ မျက်စိကျ


“စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေး၊
နောက်ဆုံး ဒီမိုကရေစီသို့ ကူးပြောင်းသွားခဲ့တဲ့ အင်ဒိုနီးရှားနဲ့တူတဲ့ ပုံစံမျိုးကို မြန်မာစစ်အစိုးရက
မျှော်လင့်ကြည့်နေခဲ့တာကို ကျနော်ထုတ်ပြောနိုင်
ပါတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေး
မှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာ
ဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) က စင်ကာပူ
နိုင်ငံထုတ် Straits Times သတင်းစာနဲ့ တွေ့ဆုံ
မေးမြန်းခန်းမှာ ပြောကြားသွားပါတယ်။ စစ်တပ်
အုပ်ချုပ်ခဲ့တဲ့ ထိုင်းနိုင်ငံကိုလည်း စစ်ခေါင်းဆောင်
တွေက လေ့လာနေကြတယ်လို့ မစ္စတာဂမ်ဘာရီ
က ဆိုပါတယ်။

၁၉၆၆ တပ်မတော်က အာဏာသိမ်းပြီးခဲ့တဲ့နောက် အင်ဒိုနီးရှားလွှတ်တော်မှာ
တပ်မတော်အတွက် သတ်မှတ်နေရာ ထားရှိအုပ်ချုပ်ခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီက တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအကြောင်းကို ရှည်ရှည်
လျားလျား ပြောခဲ့တယ်လို့ Straits Times သတင်းစာက ရေးသားပါတယ်။ ဖွဲ့စည်း
အုပ်ချုပ်ပုံအရ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခွင့်ကို ပိတ်ပင်ပြီး စစ်အစိုးရ အာဏာတည်မြဲရေးအတွက် နောက်ထပ်နည်းလမ်းတရပ်သာဖြစ်ကြောင်း ဝေဖန်သူ
တွေက ဆိုကြပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ စစ်အစိုးရက နိုင်ငံရေးမှာ လွှမ်းမိုးထားတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ကြောင်း မစ္စတာဂမ်ဘာရီက ပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအရ လွှတ်တော်နေရာရဲ့ ၂၅% ကို စစ်တပ်ကယူထားပြီး ကာကွယ်
ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ဒေသ၀န်ကြီးဌာန ၀န်ကြီးတွေကိုလည်း စစ်တပ်က
ခန့်ထားမှာဖြစ်တယ်လို့ မစ္စတာဂမ်ဘာရီက ပြောပါတယ်။ အဆိုပြုထားတဲ့ ဖွဲ့စည်း
အုပ်ချုပ်ပုံမှာ ပါတီစုံရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုထားပြီး သမ္မတကို လုပ်ပိုင်ခွင့်
အာဏာ အများကြီးပေးထားပါတယ်။ သမ္မတက ဥပဒေရေးရာ အရာရှိတွေနဲ့ တရား
စီရင်ရေးဆိုင်ရာ အရာရှိတွေကို ခန့်နိုင်၊ ဖြုတ်နိုင်ကြောင်း Straits Times သတင်းစာ
က ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG