သုံးရလွယ်ကူစေသည့် Link များ

အီရတ်အစိုးရက ရှီးယာ စစ်သွေးကြွတွေ လက်နက်ချဖို့ သတ်မှတ်ရက် တိုး


အီရတ်နိုင်ငံ ဘာဆာရာမြို့မှာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ရှီးယာ သေနတ် သမားတွေကို လက်နက်ချဖို့ အမိန့်ထုတ်ပြီးတော့ နောက်ဆုံးရက် သတ်မှတ်ထားတာကို အီရတ် ၀န်ကြီးချုပ် နိုရီ အယ်လ်-မလိခီ (Nouri al-Maliki) က ရက်တွေကို ထပ်ပြီး တိုးလိုက်ပါတယ်။

လက်နက်တွေ ပြန်လာအပ်ကြမယ် ဆိုလို့ရှိရင် ဆုငွေတွေ ထုတ်ပေးမယ်၊ အခုလာမယ် စနေနေ့ကနေ စပြီးတော့ ဧပြီလ ၈ ရက်နေ့ အထိ လက်နက်တွေ လာအပ်ဖို့ ၀န်ကြီးချုပ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ တကယ်လို့များ အမိန့်ကို မနာခံကြဘူး ဆိုလို့ရှိရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အခြေအနေတွေ ပြောဆိုတာကိုလည်း ဒီကနေ့ ၀န်ကြီးချုပ်က လုပ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကနေ စပြီးတော့ ဘဆာမြို့နဲ့ အခြားဒေသတွေမှာ ရှီးယာ စစ်သွေးကြွတွေနဲ့ အီရတ် အစိုးရတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ပြီးပါပြီ။ မြို့တော် ဘဂ္ဂဒက်မှာလည်း ညမထွက်ရ အမိန့် ၃ ရက် ထုတ်ပြန်ထားပါတယ်။

ဘာဆရာမြို့က တိုက်ပွဲတွေအတွင်းမှာ အီရတ်တပ်ဖွဲ့တွေကို စစ်ကူပေးတဲ့ အနေနဲ့ နိုင်ငံစုံ ညွှန့်ပေါင်း တပ်ဖွဲ့တွေဘက်က ပထမဆုံးအကြိမ် လေကြောင်းကနေ ဗုံးတွေ ကြဲချပေးခဲ့ပါသေးတယ်။ နောက်တခါ အီရတ်နဲ့ပတ်သက်တဲ့ သတင်းတပုဒ်မှာတော့ မြို့တော် ဘဂ္ဂဒက် မြောက်ပိုင်းမှာ ရုပ်ပျက်ဆင်းပျက်ကို ဖြစ်နေတဲ့ လူသေအလောင်းပေါင်း ၃၇ လောင်းကို အမေရိကန်နဲ့ အီရတ် တပ်ဖွဲ့တွေ ကနေပြီးတော့ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အမေရိကန် စစ်တပ်ဘက်က ပြောပါတယ်။

ဒါယားလားပြည်နယ်ထဲမှာရှိတဲ့ အဲဒီအလောင်းတွေ စုပုံထားတဲ့နေရာကို ဒေသခံ တဦးကပဲ မနေ့တုန်းက ပြောလိုက်လို့ သူတို့ ရှာဖွေတွေ့ရှိသွားတာ ဖြစ်ပါတယ်။ စစ်တပ်အရာရှိတွေရဲ့ ပြောဆိုချက်အရ ဆိုလို့ရှိရင် အဲဒီလူသေ အလောင်းတွေဟာ ၂ လကနေ ၈ လလောက် ကြာနေပြီးတော့ အနှိပ်စက်ခံထားရတဲ့ လက္ခများလည်း ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG