သုံးရလွယ်ကူစေသည့် Link များ

ဇင်ဘာဘွေနိုင်ငံတွင် ပြည်သူများ မဲစပေး


ဇင်ဘာဘွေနိုင်ငံ သမ္မတ ရွေးကောက်ပွဲနဲ့ ပါလီမန် ရွေးကောက်ပွဲ ဒီနေ့ ကျင်းပတာ မနက် ၅ နာရီမှာ စပြီးတော့ မဲရုံများကို ဖွင့်လှစ်ပြီးတော့ မဲစပေးနေကြပါပြီ။ ဂူလာဝါရိုမြို့မှာ အာဏာရ လွှတ်တော် ကိုယ်စားလှယ်ရဲ့ အိမ်မှာ ဗုံးပေါက်ကွဲပြီး ဒဏ်ရာရသူများ မရှိတာကလွဲပြီးတော့ မဲပေးကြတာ ငြိမ်းငြိမ်းချမ်းချမ်း ရှိတယ်လို့ ရဲက ဆိုပါတယ်။

သမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) ခြောက်ကြိမ်မြောက် သမ္မတ သက်တမ်းအတွက်
ဝင်ပြိုင်နေတာ ဖြစ်ပါတယ်။ သမ္မတ ရွေးကောက်ပွဲဝင်တဲ့ နောက်ထပ် နှစ်ယောက် ဖြစ်ကြတဲ့ စင်ဘာ မာကိုနီ (Simba Makoni) နဲ့ မော်ဂန် ဗန်ဂရိုင်း (Morgan Tsvangirai) အပါအ၀င် သုံးယောက်စလုံး မဲပေးကြပြီးတော့ မနေ့က မြိုကတော် နိုရိုဘီမှာ မိမိအနိုင်ရရှိမယ်လို့ ယုံကြည်ကြောင်း သုံးယောက်စလုံးက သတင်းထောက်များကို ပြောဆိုကြပါတယ်။

အတိုက်အခံတွေဟာ ဗြိတိန်နိုင်ငံရဲ့ ရုပ်သေးများဖြစ်တယ်လို့ စွပ်စွဲလိုက်ပြီး သမ္မတ မူဂါဘီက မဲမသာမှု အစိုးရက လုပ်နေတယ် ဆိုတာ မဟုတ်ဘူးလို့တော့ ငြင်းဆိုသွားပါတယ်။

XS
SM
MD
LG