သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာဆာတွင် နိုင်ငံခြားသံတမန်များ ရောက်ရှိချိန် ဆန္ဒပြမှုများဖြစ်ပွား


တရုတ်အစိုးရ အရာရှိတွေက အနီးကပ် ကြီးမတ်ပြီး လိုက်လံပြသတဲ့ သံတမန်များ လေ့လာရေး ခရီးစဉ်ကို လာဆာမြို့တော်မှာ စနေနေ့က ပြုလုပ်ခဲ့စဉ်အတွင်း နောက်ထပ် ဆန္ဒပြမှုအသစ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

သံတမန်တွေဟာ အမေရိကန်၊ ဂျပန်နဲ့ ဥရောပ နိုင်ငံတချို့က ဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်မှု အသွင် ပြောင်းသွားတဲ့ အစောပိုင်း မတ်လ ၁၄ ရက် ဆန္ဒပြပွဲတွေ ဖြစ်ပွားရာ လာဆာမြို့တော်က အဓိက ဘုန်းတော်ကြီး ကျောင်းများ အနီးမှာပဲ အခု ဆန္ဒပြပွဲအသစ်တွေ ထပ်မံ ဖြစ်ပွားခြင်းပဲ ဖြစ်ပါတယ်။

အခု တရုတ်အစိုးရက ကြပ်မတ်တဲ့ လာဆာမြို့ လေ့လာရေးခရီးစဉ်မှာ ၁၅ နိုင်ငံက သံတမန်များ
ပါဝင်ပါတယ်။ ဘေဂျင်းမှာရှိတဲ့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ လာဆာခရီးစဉ်ကို လေ့လာစရာ အစီအစဉ်များနဲ့ အပြည့်ထည့်သွင်းထားတဲ့အတွက် သံတမန်တွေဟာ ခရီးစဉ်ပါ အစီအစဉ်ဇယားကလွဲပြီး ဘယ်ကိုမှ မသွားရောက်နိုင်ကြောင်း လွတ်လွတ်လပ်လပ် သွားလာဖို့လည်း အခြေအနေ မပေးခဲ့တဲ့အကြောင်းနဲ့ ဒေသခံ တိဘက် လူမျိုးတွေနဲ့လည်း တရုတ်အာဏာပိုင်တွေရဲ့ ကြပ်မတ်မှု မရှိဘဲနဲ့ စကားပြောခွင့် မရတဲ့အကြောင်းကို ဖော်ပြထားပါတယ်။

XS
SM
MD
LG